4.မထင်မှတ်ထားတဲ့reward

348 59 2
                                    

အခန်းတွင်းသို့တိုးဝင်လာသောအအေးဓာတ်သည် ပြတင်းပေါက်ဖွင့်ထားသကဲ့သို့ Chen Geအားခံစားရစေသည်။ မမြင်နိုင်သောလက်တစ်စုံသည် သူ့မျက်နှာပေါ်မှ ဖြတ်သန်းသွားသကဲ့သို့ထင်ရသည်။

ဝင်လာသောလေကြောင့်အိမ်သာတံခါးဝသည်တကျွီကျွီမြည်ကာလှုပ်ခတ်နေသည်။ စင်္ကြလမ်းကြမ်းပြင်ပေါ်သို့ မျက်နှာကျက်ထဲရှိဝပ်နေသောရေများသည် တပေါက်ပေါက်ကျကာ ပိုးကောင်များအုပ်စုကွဲသလိုကြမ်းပေါ်သို့ပြန့်ကျဲသွားသည်။​ ဤအသံသည် Chen Geအားကြက်သီးမွေးညှင်းများ ထသွားစေသည်။

ထိုအသံများသည်နဂိုတိတ်ဆိတ်နေခြင်းကြောင့်ပိုမိုကျယ်လောင်နေသည်ဟုထင်မှတ်ရလေသည်။ ထိုအသံများသည်လူတော်တော်များများကိုအကြောက်ပိုစေတတ်သည်။သို့သော် Chen Ge သည် ငယ်စဥ်ကတည်းစိတ်ခိုင်ခိုင်ထားတတ်ရန် လေ့ကျင့်ထားမိပြီးသားဖြစ်သည့်အတွက် သာမာန်လူများနှင့်ယှဥ်လျင်သည်းခံနေနိုင်သည်။

သူစိတ်ထဲတွင်အချိန်ရေဖို့ကိုသာအာရုံစိုက်ထားလိုက်သည်။

မိနှစ်နှစ်ဆယ်ခန့်အကြာတွင်တစုံတခုကြောင့် Chen Ge အေးလာသည်ဟုခံစားမိလာသည်။ အခန်းအပူချိန်သည် ရုတ်တရက်ကြီး ရေခဲတိုက်ထဲရောက်နေသကဲ့သို​့ ခိုက်ခိုက်တုန်ချမ်းရလောက်အောင်အေးလာသည်။

စိတ်လျော့သားရီး!အရမ်းမတွေးနဲ့!ဆယ်မိနစ်ပဲကျန်တာ၊မင်းလုပ်နိုင်တယ်Chen Ge!
သူ့နားထဲတွင်တခုခုကဆက်တိုက်ကြားနေရသကဲ့သို့ သိချင်စိတ်များပျင်းပျလာသည်။ သူလက်သီးကိုအကြောများထောင်လာသည်အထိကျစ်ကျစ်ပါအောင်ဆုပ်ထားကာ ကျောက်တုံးကဲ့သိူ့မလှုပ်မယှက်အတင်းရပ်နေမိသည်။

"Chen Ge, Chen Ge, Chen Ge..."

သူနာမည်ကိုသူတိုးတိုးသာသာဆက်ရွတ်သည်။ ငါးမိနစ်ခန့်ကျန်သာကျန်တော့သည့်အခါတွင် Chen Geလက်ထဲရှိတဖျပ်ဖျပ်လင်းနေသောဖယောင်းတိုင်မှမီးတောက်လေးသည်ငြိမ်းသွားသည်။ ထို့နောက်တွင်အမှောင်ထဲမှအခြားတစ်ယောက်သည် သူ့နာမည်အားခေါ်လာသံကိုစတင်ကြားရတော့သည်။

လိုက်ဆိုနေတာလား?မဖြစ်နိုင်တာ!

"Chen Ge..."
အသံကသူ့နာမည်အားခေါ်နေသည့်ပုံပင်။ သူ့အားတစုံတခုပြောချင်နေသည့်လေသံဖြင့်အရေးတကြီးခေါ်နေသည့်လေသံ။

My House Of Horror(မြန်မာပြန်)Where stories live. Discover now