Ch69 - Stay and Accompany Me to Sleep, Okay

6K 1.2K 58
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch69 - Stay and Accompany Me to Sleep, Okay

ဟယ်မုရှန် ပြန်သွားတော့ အခန်းက နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားတယ်။

ကျောက်မိန်လန်က တွေဝေမိန်းမောနေတဲ့အခြေအနေကနေ သတိပြန်ဝင်လာတော့ သူမက လက်ထဲက ဘဏ်စာအုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သုညရှစ်လုံးကိုရေတွက်နေမိတယ်။သူမက ရင်ဘတ်ထဲမှာ မွန်းကြပ်လာရင်း တုန်ယင်နေတဲ့အသံနဲ့ မေးလိုက်တယ်။

"မင်း မားကို ဘယ်လောက်တောင်များ ဖုံးကွယ်ထားတာလဲ ရှောင်မင်ရယ်.."

ကျောက်မိန်လန်က ဒီကိစ္စက မယုံကြည်နိုင်လောက်အောင်ပဲလို့တွေးနေမိတယ်။ ဒီပိုက်ဆံတွေအားလုံးက သူမသား ပိုင်ဆိုင်တာတဲ့လား။ သူမသား ပိုင်တယ်ဆိုမှတော့ သူမလည်းပိုင်တယ် မဟုတ်လား။

သို့သော်လည်း ဟယ်ချန်းမင်ကတော့ သူမကို မျှော်လင့်ချက်သေးသေးလေးတောင် မပေးလေဘူး။ သူက ကုတင်နားကို လျှောက်သွားကာ ဘဲလ်ကိုနှိပ်ရင်းဂရုမစိုက်ဟန်နဲ့ ပြောလိုက်တယ်။

"ဒီပိုက်ဆံတွေက ခင်ဗျားနဲ့ မဆိုင်ဘူး"

ကျောက်မိန်လန်က ချက်ချင်းပဲ စိုးရိမ်တကြီးဖြစ်သွားရင်း သူ့လက်ကိုလှမ်းဆွဲလိုက်တယ်။

"မင်းက ငါ့သားလေ...ငါနဲ့မဆိုင်လို့ ဘယ်သူနဲ့ ဆိုင်ရဦးမှာလဲ!!"

ထိုအချိန်မှာပဲ သူနာပြုမလေးက တံခါးခေါက်လာတယ်။ သူမက လက်ထဲမှာ ဆေးမှတ်တမ်းကိုကိုင်ထားရင်း ဝင်လာချိန်မှာ ကုတင်ဘေးက လူငယ်လေးရဲ့ အေးစက်စက်ပြောသံကိုကြားလိုက်ရတယ်။

"မစ္စကျောက်..ကျွန်တော်မြင်တာတော့ ခင်ဗျား ကျန်းမာရေး ကောင်းနေသားပဲ။တကယ်လို့ ခင်ဗျား ဒီလို ဆက်လုပ်နေဦးမယ်ဆိုရင် ကျွန်တော့်မှာ ခင်ဗျားနဲ့နေပေးဖို့ အချိန်ပေးနိုင်တော့မှာ မဟုတ်ဘူး"

သူ့မှာဖြင့် ဇနီးလေးကိုတောင် မချော့မော့ခဲ့ရဘူး။ သူလာခဲ့တာကလည်း သူမကို ဂရုစိုက်ပေးဖို့အတွက်ပဲ။ တမင်တကာ ဆူဆူညံညံနဲ့ ဒုက္ခပေးနေတာကိုမြင်ဖို့လာတာမှ မဟုတ်ပဲ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Onde as histórias ganham vida. Descobre agora