Return of the Heiress (cha-2) (Z+U)

670 46 10
                                    

Return of the Heiress (cha-2)

Zawgyi

ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ ထောင့်စွန်းမှာတည်ရှိနေတဲ့  အိမ်ကြီးဟာ အဆောင်အယောင်များစွာနှင့်ထည်ဝါလျက်ရှိပြီး ပန်းခြံထဲရှိ နေကြာပန်းများက ထိုအိမ်ကြီး၏ တယ်တယ်လှပမှုကို ပံ့ပိုးပေးနေလျက်....

ပေ တစ်ရာ လောက် ကျယ်ဝန်းတဲ့  ပန်းခြံထဲ ပြီးပြည့်စုံအောင်လှပသည့် မိန်းကလေးတစ်ဦးကနေကြာပန်းများကို ရေလောင်းလိုက်  နေကြာပန်းနားရှိ မြက်များကို ပေါင်းသင်လိုက်နှင့် အလုပ်ရှုပ်နေ၏

"Jen! ! "

အနောက်ခပ်လှမ်းလှမ်းက အော်ခေါ်သံကြောင့် ရေဘားကို ပိတ်လိုက်ပြီး ပိုက်နှင့်ခက်ရင်းတို့ကို မြေပေါ်တွင်ချကာ လှမ်းခေါ်သည့် အသက် 50 ဝန်းကျင်အရွယ် လူကြီးတစ်ယောက်ဆီသို့ ပြေးသွားလေသည်

"Appa jen ကို ပြောစရာရှိလို့လား "

"အိမ်ထဲမှာ နားနားနေနေမနေဘဲ ခြံထဲဆင်းပြီး ပင်ပန်းတဲ့အလုပ်တွေလုပ်နေပြန်ပြီလား jen "

ဂရုဏာဒေါသနဲ့ ပြောနေတဲ့ appa ကြောင့် jen ပြုံးလိုက်ကာ

"Jen အပင်လေးတွေကိုချစ်လို့ပါ appa ရဲ့
ပြီးတော့ နေကြာပန်းကို omma ဘယ်လောက်ထိ ချစ်လဲ appa လည်း သိရဲ့သားနဲ့ "

"အမေတူ သမီးလို့မပြောရဘူး ..."

Appa က jen ရှေ့မှာ ဝဲကျနေတဲ့ ဆံပင်စလေးများကို သပ်ပေးပြီး

"ဒီနေ့လယ် appa ရဲ့ စီးပွားဖက် သူငယ်ချင်း Mr.Manoban တို့မိသားစုနဲ့ အပြင်မှာ ချိန်းပြီးတွေ့ကြမလို့... သူ့သမီးလည်းပါတယ်
အဲ့ဒါ နေ့လယ်ဘက်လောက် appa company ကနေ jen ကို လာဝင်ခေါ်မှာမို့ လှလှလေးပြင်ပြီး အဆင်သင့်လုပ်ထားနော် "

"Appa တို့ သူငယ်ချင်း အချင်းချင်းတွေ့မှာထက် jen နဲ့ Mr.Manoban ရဲ့ သမီးကို ပိုပြီး တွေ့စေချင်တာမလား appa "

"Appa က jen ကို လူကောင်းသူကောင်းနဲ့တွေ့စေချင်လို့ပါ... ပြီးတော့ jen က ယောက်ျားလေးတွေကို ကြည့်မရဘူးဆိုလို့ appa မိန်းကလေးကို ရှာပေးထားတာလေ "

"Jen နေ့လယ်လိုက်ခဲ့ပါ့မယ်
ဒါပေမယ့်နော် အဲ့ဒါ jen သူ့ကိုလက်ခံတာမဟုတ်ဘူး
သူ့ပုံစံက ဘယ်လိုရှိမယ်မှန်း jen မသိသေးဘူး
လိုက်ပြီးလေ့လာကြည့်ရုံပဲ "

Return of the Heiress Where stories live. Discover now