Chapter-3

1K 194 6
                                    

Unicode

Section-1

"ဒီနေ့က လပြည့်ညနော် အရှင်..."

ဂျောင်ဂုမရှိတဲ့အချိန်မှာ ချင်စန်းက ဂျီမင်းကိုသတိပေးသလိုပြောတယ်....

အနက်ရောင်စုန်းတွေရဲ့ ထုံးစံအတိုင်း လပြည့်ညတွေမှာ လနဲ့ အနီးဆုံးနေရာအထိရောက်အောင်သွားပြီး လရဲ့စွမ်းအားကိုခံယူကြရသည်။

အဲ့လိုလုပ်မယ်ဆိုရင် မှော်စွမ်းအားကိုထုတ်သုံးရတော့မှာ...

Teskaမှာတုန်းက အဖေနဲ့အမေ
မကွယ်လွန်ခင် မြို့ပတ်လည်ကို စည်းချထားခဲ့တာကြောင့် ဂျီမင်းရဲ့မှော်စွမ်းအားကို ဘယ်သူမှခြေရာမခံနိုင်ကြဘူး....အခုလို Teskaရဲ့အပြင်မှာဆိုရင် သူ့ရဲ့မှော်စွမ်းအားကြောင့် အာရုံခံမိသွားနိုင်တယ်.....ဒါကြောင့်လည်း ဒီခရီးတစ်လျှောက် သူမှော်စွမ်းအားကိုမသုံးတာ....

Adtonနဲ့ နီးနေပြီဖြစ်တဲ့အတွက် ဒီအခြေအနေမှာ သူသတိထားတာအကောင်းဆုံးပဲ~မဟုတ်ရင် သူစီစဥ်ထားသမျှ ပျက်စီးသွားလိမ့်မယ်...

အဲ့တာကြောင့်လည်း ချင်စန်းက သူ့ကို သတိပေးနေတာ....

"ငါတို့စီစဥ်ထားတဲ့အတိုင်းပဲ လုပ်မယ်~
ချင်စန်း"

သူကြိုတင်စီစဥ်ထားသလိုဆိုရင် အဆင်ပြေလောက်မှာပါလေ....

နေလုံးကြီး ဝင်ရောက်ပျောက်ကွယ်ပြီးနောက်မှာတော့ လရောင်ကစတင်ထွန်းလင်းလာတယ်......ဝိုင်းစက်နေတဲ့ လကိုကြည့်ရတာ လွမ်းစရာတောင်ကောင်းသေးတယ်...

ဂျောင်ဂုအိပ်လောက်ပြီဆိုတော့မှ
သူတို့၃ယောက် တည်းခိုဆောင်ကနေထွက်လာခဲ့တယ်....

လရောင်ကိုထင်ထင်ရှားရှားမြင်ရတဲ့ မြေပြင်နေရာမှာ အကာအကွယ်စည်းကို ဆွဲလိုက်ရင်း
ဂါထာတစ်ပုဒ်ကိုရွတ်ဆိုလိုက်တယ်....

မသေချာပေမယ့် ဒီအကာအကွယ်စည်းက သူတို့ကို ကာကွယ်နိုင်ပါစေလို့ဆုတောင်းရတာပဲလေ....

ခေါင်းတည့်တည့်ကို လရောက်လာချိန်မှာတော့ ဂျီမင်းရဲ့အနက်ရောင်စွမ်းအားတွေက တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတယ်....

Begin Again(Completed)Where stories live. Discover now