Chapter-5

968 165 13
                                    

Section-1

ပြောထားတဲ့အတိုင်း နောက်နေ့ရောက်တော့ မွန်းတည့်ချိန်ကိုရှောင်ပြီး ခရီးဆက်ဖြစ်ကြတယ်......

မွန်းမတည့်မီကနေ ညနေစောင်းတဲ့အထိ တည်းခိုဆောင်မှာအနားယူကြပြီး ညဘက်မှာပဲ ခရီးဆက်ရတာဟာ ပိုပြီးတော့ အဆင်ပြေတာတော့အမှန်ပင်.....

ပိုပြီးသက်သက်သာသာရှိအောင် ဂျောင်ဂုကမြင်းနဲ့သွားဖို့စီစဥ်လိုက်သည်။

အရင်နေ့တွေက ခြေလျင်ခရီးဆက်ကြပေ
မယ့် အခုတော့ မြင်းနဲ့သွားရတာကြောင့် အဆင်ပြေတယ်....

"ကြယ်လေးတွေက လှတယ်နော် ကိုကို...."

"အင်း......"

"Adtonကို ဘယ်တော့အရောက်သွားဖို့ တွေးထားလဲ~ကိုကို..."

"အင်း~နောက်လပြည့်မတိုင်ခင်ပေါ့...ပြီးရင် အိမ်ပြန်ရတော့မယ်....."

သူ့အမေးကို ဖြေပြီးတော့ ကိုကိုကသက်ပြင်းချတယ်...

သူကမြင်းဇာတ်ကြိုးကိုကိုင်ထားပြီး ကိုကိုက သူ့ရင်ခွင်ထဲမှာ.....ကိုကိုမြင်းမစီးတတ်တာက သူ့အတွက်ကံကောင်းခြင်းလို့ဆိုရမယ်....

"အိမ်ကိုလွမ်းနေတာလား~ကိုကို"

ဘယ်လိုသိတာလဲဆိုပြီး အံ့သြတကြီးနဲ့ ကိုကိုက သူ့ကိုလှည့်ကြည့်တာ နှုတ်ခမ်းလေးတောင် ဟလို့.....

"ဘယ်လိုသိတာလဲ...."

"ဒီလိုပဲ သိတာပေါ့.....ကိုကိုရဲ့"

ဘယ်သူ့ကိုမှမကြားစေချင်ပုံနဲ့ ကိုကိုက
သူ့အနားကို တိုးကပ်လာတယ် .... နီးကပ်လွန်းတာကြောင့်  ဂုတ်ပိုးက မှဲ့ကလေးနဲ့
မွှေးညှင်းလေးတွေကိုတောင် ထင်ထင်ရှားရှားမြင်နေရပြီ.....

အသည်းယားလိုက်တာ.....

"ဂျောင်ဂုက သူများအတွေးတွေကို သိနိုင်တယ်မဟုတ်လား...."

နောက်နေတာများလားလို့တွေးမိပေမယ့်
မျက်လုံးလေးတွေအရောင်တောက်လောက်အောင်အထိ စိတ်ဝင်တစားမေးနေတာပဲ....

ကိုကို့အမေးကို နားမလည်သလိုစိုက်ကြည့်မိတော့ "သူသိပါတယ်"ဆိုတဲ့ပုံစံမျိုးနဲ့ ကိုကိုကပြုံးတယ်....

Begin Again(Completed)Where stories live. Discover now