Part{14}-missionအားအဆုံးသတ်လိုက်ခြင်း😍

39.3K 1.1K 0
                                    

Zawgyi
အန်းလင် ထိုင်ခုံပေါ်ထိုင်ချလိုက်သော် အောက်ပိုင်းမှ ဆစ်ကနဲစပ်လာသောကြောင့် " အ့ ဆစ် " ထိုအဖြစ်ကို ကြည့်နေသူမှာ ပြည့်သူ့အရှင် ဝမ်လွီဖေး ပြုံးလိုက်ကာ အန်းလင် ကိုကြည့်နေသည်
#အနေအထားမှာ .. ခုံနေရာချင်းနှစ်ပေကျော်ခန့်ကွာသည် #
အန်းလင် သူ့ကိုပြုံးပြီးကြည့်နေသော ဝမ်လွီဖေး အားမျက်စောင်းလိုက်သည့် တစ်ပြိုင်နက် ရှေ့မှအစားသောက်ပန်းကန်ထဲ လက်နှိုက်ပြီးသား ပါးစပ်ထဲပစ်ထည့်ပြီးစားနေလိုက်သည် .
.
မကြာမီ ပွဲတော်စကာ ဖျော်ဖြေပွဲမှုများ တင်ဆက်တီးမှုတ်များကို ရှုစားနေလိုက်သည်..

" အားချီး ဒီဆောင်းဦးကြိုဆိုပွဲက မြို့ထဲရော ပြည်သူပြည်သားတွေက ကျင်းပသလား "

" ဟုတ်ကဲ့. ကျင်းပပါတယ် ခုချိန်ဆို ဈေးထဲမှာစည်ကားနေတာပဲ "

" ဪ သွားချင်လိုက်တာ "
" ဟမ် မယ်မယ်မဖြစ်ပါဘူး အဲ့လိုမပြောပါနဲ့ ဒီတစ်ခါသာ မိဖုရား နန်းပြင် ထပ်ပြီးထွက်မယ်ဆိုရင် အားချီကိုတစ်ခါတည်းသတ်သွားပါတော့ အီးဟီး "
'' အာ ငါက စကားအဖြစ်ပြောတာပါ နင်ကလဲ နော် ငိုမနေနဲ့ နင်လုပ်မှလူသိမှာ သိရဲ့လား "
" ဟင့် အားချီတောင်းပန်ပါတယ် စိုးရိမ်လွန်သွားလို့ပါ "
ဝမ်လွီဖေး မိန်းမပျိုလေးများ၏ ဖျော်ဖြေမှုအကကို စိတ်မဝင်စားနိုင် ပွစိပွစိနှင့် ပြောနေသော ကျိုးအန်းလင် နှင့် အားချီကိုကြည့်နေသည်
" ကိုယ်ရံတော် ဇွယ်ရှီအာ "
" အမိန့်ရှိပါ အရှင် "
" မိဖုရားခေါင်ကြီးကို စောင့်ကြည့်ပေးပါ သူဘာလုပ်လုပ်လွှတ်ထားပေးပါ အန္တာရယ်ရှိရင် ကာကွယ်ပေးပါ ကိစ္စသေးသေးလေးက အစငါကိုယ်တော်ကို ပြန်တင်ပြပါ "
''ဟုတ်ကဲ့ပါ အရှင် "
အန်းလင် အစားစားခြင်းမပြတ်စေရပဲ ..
ကပြဖျော်ဖြေသွားသော အဖွဲ့ပြန်ဆင်းသွားသည်ကိုအစလိုက်ကြည့်နိုင်သည်
! ဟမ် ဟိုမှာ ဒုစစ်ကြီး ဟောရီရှင်း .. ဒီလောက်လှပ ချောမောတဲ့အကမယ်လေးတွေကိုမငေးပဲ တစ်နေရာပဲငေးနေလေသည်...
လုဟန် . ရှောင်လုဟန် ကိုပဲ ငေးနေပုံများ နော် သူ့တွက်သတင်းကောင်းကို သိပြီးပြီထင်တယ်!

လုဟန် သိပြီးပြီ ဖြစ်ရာ ရှက်နေကာ ရီရှင်း ကို တစ်ချက်တစ်ချက် ခိုးခိုးကြည့်နေသည်

[Villian's Wïšĥ(Arc -1)  💜](system )Where stories live. Discover now