Part {19}- မမုန်းပါနဲ့

44.9K 988 4
                                    

Unicode ..(zawgyiကေအာက္မွာပါ😍)


A\N .........# ကျိုးအန်းလင်ဇာတ်မှာ မူလဇာတ်နှင့်မတူပဲ သွေဖယ်လာသည့်အတွက် system မှာ အန်းလင်အတွက် mission တွေတစ်ခုပြီးတစ်ခုပြောင်းလာရသည် main mission ကလွဲရင် ကျန်တဲ့mission နဲ့ ဇာတ်လိုက်ရဲ့ စိတ်နေစိတ်ထားပင်ပြောင်းလဲလာတာသိကြမှာပါနော်..
ကျင်းပေ(host).. ကိုကမ်းလှမ်းလာတဲ့ system ကတော့ sex.love system ဆန်ပါတယ်... #
...
အန်းလင်တို့ ခရီးဆက်လာရာ အတော်ပင် မြို့တော်နှင့်လှမ်းလေပြီ..ဝမ်လွီဖေးခရီးတစ်လျောက် အန်းလင်က်ို သာကြည့်နေမိသည်....

စိတ်ကောက်နေသူကလေးလေးပင်.....စိတ်ကောက်ချင်ယောင်ဆောင်နေတာပါ....
မိန်းကလေးများနော် ချစ်မှန်းသ်ိရင် အသေဆိုးတာ

ဝမ်လွီဖေး အန်းလင်နားတိုးလာကာ ခေါင်းလေးကို ဖွဖွလေးပွတ်ရင်း
" အားလင် မုန့်စားမလား....ဗိုက်ဆာပြီလား.".
အန်းလင်မှာ ပြန်မထူးနိူင်ပဲ ဒူးပေါ်လက်တင် လက်ပေါ် ခေါင်းတင်ကာ အိပ်ပျော်နေခြင်းဖြစ်သည်..
ဝမ်လွီဖေးအန်းလင်ကိုသူ့ပေါင်ပေါ် ခေါင်းအုံးစေလိုက်သည်..
" အရှင်မင်းကြီး ခရီးတစ်ထောက်နားကန် မုံ့အမ်း မြို့ကိုရောက်ပါပြီ..."
အန်းလင် လဲ အပြင်မှ အသံကိုကြားကာ မျက်လုံးများကို ပွတ်သပ်ရင်း နိးလာသည် အပေါ်မှအုပ်မိုးကာ ကြည့်နေသူအရှင်...
" မိဖုရားနိုးပြီလား ဒီည ဒီမြိ့ု့မှာနားကြမယ် "
မြို့နေပြည်သူတို့ အရှင်မင်းကြီး တို့အားဂါဝရပြုကာ...နေထိုင်စားသောက်ဖွယ်ရာများပြင်ဆင်ပေးကြသည်... မြို့စားမင်းစံအိမ်သို့ကြွကာ.. ညရောက်သော် အားလုံးခရီးပန်း၍ ကိုယ်စီ အနားယူကြသော်လဲ အရှင်မင်းကြီး မှာ မုံ့မြို့စားနှင့် နယ်မြို့စည်ပင်ဝဖြိုးရေးက်ု တိုင်ပင်နေကြသည်...
အန်းလင်လဲ အခွင့်ရေးရကာ.. ထွက်ပြေးဖို့ပြင်ဆင်လေသည်.. အားချွေကို အိပ်စေခပ်ပြီး.. မြို့သူဟန်ဆောင်ကာ အပြင်သို့ထွက်လာခဲ့သည်..

'' ဟုူးးးခုမှပဲ.. လွှတ်လပ်တော့တယ်."
အန်းလင် အပြင်ထွက်သွားသည်ကို ချင်မိဖုရားသိလေသော်... အရှင်အားလျှောက်တင်ပြီး အပြစ်ပေးရန်တောင်းဆိုလေသည်.... မံု့မြို့စားအား အသိမပေးပဲ လျှို့ဝှက်စွာ မိဖုရားကျ်ိုးကိုညရှာကြလေသည်.
အန်းလင် မြို့ထဲစားသောက်ဆိုင်သို့သွားကာ အစားသောက်နှင့်အဝတ်အထည်များဝယ်၍ ထွက်ပြေးရန်ကြံစည်နေခိုက်... လူလေးယောက်ခန့် အနားတွင်ရစ်သီ ရစ်သီလုပ်နေသည်ကို သတိထားမိသည်
ခပ်မြန်မြန်ပင် လျှောက်ခဲ့ရာ ဘယ်နေရာမှန်းမသိ.. ရောက်လေသော်.. နေရာမှာ မှောင်မဲနေပြီး လူတစ်ယောက်သာရှိသော လမ်းကြားထဲရောက်လာသည်... ပြန်လှည့်ရန်ကြံသော်လည်း အနောက်မှ လူတွေပိတ်ထားသည် ဆက်လျောက်ဖို့ကလည်း.. ကမ်းမမြင်လမ်းမမြင်...
"
ဟဲဟဲ.. လက်ထဲကအထုတ်နဲ့ ပါသမျှ ငွေတွေ အသာတကြည်ပေးလိုက်.."
" ဘာလို့ပေးရမှာ လဲ လူယုတ်မာတွေ မိန်းကလေးတစ်ယောက်ဆီက လုတာမရှက်ကြဘူးလား "
"ဟက် မိန်းမလှလေးပဲ ငါတို့တော့ ပွတာပဲ ဟားဟား "
"ရှင်တို့နော် အောက်တန်းကျလိုက်တာ " .
အန်းလင်နားတိုးလာကာ အထုပ်ကိုဆွဲတဲ့သူကဆွဲ နောက်မှ အန်းလင်ကို ချုပ်တဲ့သူက ချုပ်
..လျှပ်တပြတ်အတွင်းမှာပင် ထိုလူလေးဦးမြေပြင်လဲကြသွားသည်...
ကိုယ်ရံတော်ဇွယ် ရဲ့မြှားလက်ချက်ကြောင့် ပင် အန်းလင်အရှေ့က မှောင်မဲနေသောလမ်းချိုးလေးအားအရဲစွန့်စွာဝင်ပြေးလိုက်သည်
" အားလင် မပြေးနဲ့ အားလင်.."
ဝမ်လွီဖေး ရောက်လာကာ အားလင်နောက်သို့ ပြေးလိုက်လာသည်.. အားလင် တောအုပ်ထဲဝင်ပြေး၍ ကျောက်ဂူတစ်ခုအားတွေ့လေသည် ဂူထဲဝင်ပုန်းနေလိုက်သည်... ဝမ်လွီဖေးနှင့် ကိုယ်ရံတော်ဇွယ် တစ်ခြားအစောင်းများ လိုက်ရှာကြသည်...
ဝမ်လွီဖေး ဂူထဲဝင်လိုက်သော်...
အန်းလင်မှာ "အနားမလာနဲ့နော်.. မလာနဲ့ " ... ! မလွတ်နိူင်မှန်းသ်ိသော်လဲ တမင်အနိူင်ကျင့်လွန်းသည် အရှင့်က်ု မုန်းမိသည်..
" အားလင် "
"အနားမလား အရှင့်ကိုမုန်းတယ် မလာနဲ." ! fck ပဲ မပြေးန်ူင်ရင်တော့ခက်ပြီ!
ဝမ်လွီဖေး အန်းလင်နားတိုးလာကာ.. အန်းလင်လဲ အနားမှာရှိသော ကျောက်ခဲများနှင့်ပစ်လေသည်
. " အာ့ " .
ဝမ်လွီဖေး ခေါင်းမှသွေးများကျလာလေသည်.. အန်းလင်ကိုပြေးဖက်လိုက်သည်....
"လွှတ် လွှတ်ပေး " .
"မိဖုရား ကိုယ်တော့်ကို မုန်းတယ်တဲ့လား ဟင် " .
အန်းလင်ဘာမှ မပြောနိူင်ပဲ အရှင့်ခေါင်းပေါ်မှကျလာ​ေသာသွေးများကိုပင် ကြည့်ကာ အလိုလို ငိုမိသည်..

[Villian's Wïšĥ(Arc -1)  💜](system )Where stories live. Discover now