Zawgyi
နွေဦး! အရမ်းကိုလှပနေတဲ့ ပတ်ဝန်းကျင်... သစ်ပင်တွေ... လမ်းမကြီးတွေ... ကြွေကျနေတဲ့ချယ်ရီပွင့်တွေ... ပြီးတော့..လူ?
"ဟင့်.. ဦးလေးWoojooကော အတူတူသွားမယ်"
"Woojooဦးလေးပြောတာ သေချာနားထောင်စမ်း!"
"ဦးလေးကWoojooကိုခေါ်သွားလို့မရဘူး အဲ့ဒါကြောင့် ဒီမှာနေကိုနေခဲ့ရမယ်""ဒါပေမယ့်လည်းဦးလေး Woojooကြောက်တယ်"
"ဦးလေးကတောင်းပန်ပါတယ်. အဲ့အစားနောက်ကျရင် သေချာပေါက်.. သေချာပေါက် အူဂျူ့ကိုခေါ်ဖို့လာခဲ့မယ်"
"ကတိ""ကတိ သေချာပေါက်Woojooကို ခေါ်ဖို့လာခဲ့ရမယ်နော်"
မျက်ရည်တွေကျနေတဲ့ ကလေးမလေးကို မျက်ရည်တွေရစ်ဝိုင်းနေတဲ့ဦးလေးက အဲ့နေ့က အဲ့ကတိကိုအထပ်ထပ်ပေးခဲ့တယ်
နှစ်တွေကြာလို့ အရွယ်ရောက်လာခဲ့ပေမယ့် ဦးလေးကတော့ အဲ့ကတိကိုမတည်ခဲ့ဘူး.
အဲ့အစားငါကအချိန်တစ်ခုကနေစပြီး ဦးလေးပေးတဲ့ တာဝန်ကိုသေချာပေါက်လုပ်ဖို့ ဖြစ်လာခဲ့တယ်.
~NOONA~
"Han Woojoo!!!!!!"
ကျစ်! ဒါကထပ်ပြီးဘာဖြစ်ရပြန်တာလဲ?
"Waeyo?"
"Waeyo... အဟား ဟဲ့.ဒီအကျီအနီလေး မီးပူတိုက်ထားဆိုတာကို ဘာလို့မလုပ်ထားတာလဲ"
ပြောလဲမပြောထားပဲနဲ့ ဘာလဲ. ဦးနှောက်မကောင်းတာလား? တမင်လုပ်နေတာပဲဖြစ်မှာပေါ့
"အခုလုပ်လိုက်မယ်"
"အခုဘယ်လိုလုပ်မှာလဲ ငါကအခုပဲသွားရတော့မယ့်ဟာကို"
"နင်ကလေတော်တော်...""omma"
"ငါတို့သားလေး.. ဘာလိုအပ်တာရှိလို့လဲ"
"သားနဲ့ခဏလောက်လိုက်ခဲ့ပါအုန်း ခဏပဲ"
"ommaအခုအလုပ်သွားရတော့မယ်လို့.. Kim Sunoo..."
ပွစိပွစိလုပ်နေတဲ့choiသူဌေးကတော်ကို အနောက်ဘက်ကနေပုခုံးနှစ်ဖက်ကိုကိုင်ပြီး အခန်းအပြင်ကိုတွန်းထုတ်သွားတဲ့သူက ကိုယ့်ဘက်ကိုလှည့်ပြီး winkလုပ်ပြသွားသေးတယ်
![](https://img.wattpad.com/cover/242239255-288-k93936.jpg)