Unicode
"Before you came into my life, everything was black and white..."
ကျစ်... မနက်အစောကြီး ဘယ်ကဖုန်းလဲကွာ။
"Hello"
"Hello အမရာ အိပ်နေတုန်းလား နိုးပြီထင်လို့ဆက်လိုက်တာ"
အာ... အစ်ကိုရာ။ ဘယ်နှနာရီရှိသေးလို့လဲ။ အား.... ရှစ်နာရီတောင်ထိုးတော့မယ်။ ဘာလို့အခုထိ အိပ်ပျော်နေတာလဲ။ မေကြီးလည်း လာမနှိုးဘူး။ အယ် နှိုးသားပဲ။ မနက်စာဘာစားမလဲလာမေးတာ။ အိပ်ချင်မူးတူးနဲ့ ဘာပြန်ဖြေလိုက်မိလဲမသိဘူး။ မေကြီးတို့တောင် ရုံးသွားပြီလားမသိဘူး။
"Hello အမရာ ပြန်အိပ်ပျော်သွားတာလား"
"မဟုတ်ပါဘူး နိုးပါပြီ"
"ဒီနေ့အပြင်သွားမှာလားလှမ်မေးတာ"
"ဟင့်အင်း မသွားချင်ဘူး"
"ကောင်းပါပြီဗျာ အဲ့ဒါဆိုဘာစားချင်လဲ ဘာလာပို့ပေးရမလဲ"
"အခုတော့ မစားချင်သေးဘူး စားချင်တာရှိရင်ပြောမယ်လေ အစ်ကိုအားရဲ့လား""အစ်ကိုက တစ်နေကုန်အားတယ်"
"ဪ အဲ့ဒါဆို ဒီနေ့ဘာလုပ်ဖို့ရှိလဲ"
"အမရာ့ကို လွမ်းဖို့ရှိတယ်"
"အာ... တခြားဟာကိုပြောတာ"
"အငယ်လေးရေ အိပ်နေတုန်းလား ထတော့လေ မေကြီးတို့ ရုံးသွားတော့မယ်"
"ထပြီ ထပြီ နိုးနေပြီ အဲ့ဒါဆိုဒါပဲနော် နောက်မှပြန်ဆက်လိုက်မယ် မေကြီးခေါ်နေလို့"
"ဟုတ်ကဲ့ပါဗျ"
အပြင်ကိုထွက်ကြည့်တော့ မမတောင် ရုံးသွားပြီ။ ဖေကြီးနဲ့မေကြီးက ပြင်တုန်းဆင်တုန်း။ ထမင်းချိုင့်ဆင့်နေတဲ့ မေကြီးခါးကိုဖက်ထားတော့ မေကြီးက "အချွဲလေး" ဆိုပြီး ခေါင်းကိုဖွဖွလေးထုတယ်။
"ကဲ ဖေကြီးတို့သွားမယ် အိမ်မှာလိမ်လိမ်မာမာနေခဲ့"
"ဟုတ်ကဲ့"
"အုပ်ဆောင်းအောက်မှာ အုန်းနို့ခေါက်ဆွဲထားထားတယ် ထမင်းကတော့အိုးထဲမှာ ဟင်းကကြောင်အိမ်ထဲမှာ"
"ဟုတ်ကဲ့ပါမေကြီးရယ် မီးကလေးမဟုတ်တော့ပါဘူး"
"ငါ့မျက်လုံးထဲအခုထိကလေးပဲ"
YOU ARE READING
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...