Part ( 3 )

651 58 0
                                    

Zawgyi ver..

Nayeon နဲ့ Jeongyeon ရင်းနှီးလာကြသည်မှာ သုံးလေးလလောက် ကြာလာသည်..ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ Jeongyeon က Nayeon ကိုဆို အရိပ်တကြည့်ကြည့်ရှိလှတာကြောင့် ကျောင်းကလူတွေတချို့တောင် သူတို့နှစ်ဦးကို သမီးရည်းစားလို့တောင် ထင်မှတ်နေကြသည်..

" Yeonnie.. "

" Yoo.. အမြဲတမ်းလာနေတော့တာပဲ.. စောင့်နေတာမဟုတ်ဘူး "

နေ့လည် ထမင်းစားချိန်ဆို Jeongyeon က Nayeon ကိုအမြဲ လာလာခေါ်တတ်သည် ..

" Jeongyeon တို့ကတော့ အချိန်မှန်တယ်ဟေ့.. "

Mimo နှစ်ယောက်နဲ့အတူ Canteen ကိုသွားကြရင်း တစ်ယောက်နဲ့ တစ်ယောက်စနောက်ကာ ရယ်မောကြသည်မှာလဲ ဘေးကလူတွေ သူမကို မနာလိုရလောက်အောင်ပင်..

" မပြောတော့ဘူး.. ငါ့ကိုတစ်ယောက်တည်းပစ်သွား သိလား Yoo Jeongyeon "

Jihyo မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တဲ့ Jeongyeon ကိုရွဲ့ကာပြောလိုက်သည်.. ငယ်ငယ်ကတည်းကခင်ခဲ့တဲ့ သူမကိုတောင် Nayeon လောက်ဂရုမစိုက်..

" Haha.. မနာလိုဖြစ်နေရင် ဖြစ်နေတယ်ပြောလိုက် "

" ဟုတ်တယ်ဟာ.. ဘာဖြစ်လဲ "

Jihyo ရဲ့စကားကြောင့် သူမတို့ငါးယောက်လုံးအတူ ရယ်မောမိကြသည်.. တစ်စုံတစ်ယောက်ကတော့ နာကျင်မှုတွေကို ဖုံးကွယ်ရင်း ရယ်မောနေလေသည်..

Nayeon's pov / Yoo.. နင့်ကိုငါ သံယောဇဉ်ပိုနေမိပြီလား.. /

Jeongyeon's pov / Yeonnie.. မင်းကြောင့် အေးဆေးနေတတ်တဲ့ အကျင့်တွေတောင် ပြောင်းလဲလာပြီ.. ဘယ်သူ့ကိုမှဂရုမစိုက်တတ်တဲ့ငါက မင်းကိုကျမျက်နှာတစ်ချက်မကောင်းတာကို ငါမမြင်အောင်ထိ အရိပ်တကြည့်ကြည့်ဂရုစိုက်တတ်လာတယ်.. /

===============================

" Unnie! "

" လာပြန်ပြီ.. ငါနင့်ကို ဘယ်နှခါပြောရမှာလဲ Kim Dahyun "

အိမ်ရှေ့မှာ သူမကိုရပ်စောင့်နေတဲ့ Dahyun ကြောင့် Nayeon အနည်းငယ်ပျော်မိပေမဲ့ တစ်ချိန်တည်းမှာပဲ ထိုပျော်တဲ့စိတ်က အဝေးကိုလွင့်စင်သွားသည်.. ဘယ်လောက်ပဲ သူမစိတ်က မုန်းတယ်ပြောပြော သူတစ်ခုခုဖြစ်ရင် အမြဲတမ်းပျာယာခတ်နေတတ်သည် .. ဒါပေမဲ့ သူ့ရှေ့မှာတော့ သူမကမျက်နှာထားတင်းတင်းနှင့်သာ...

Our Story [ Zawgyi + Unicode ]Where stories live. Discover now