12

4.6K 892 15
                                    

Zawgyi
အပိုင်း- ၁၂: ဟုတ်တယ်! မင်းက အရမ်းချောတယ်လို့ ငါ ထင်လို့!

"နင်တို့က အခုချိန်ထိမပြန်ကြရသေးဘူးလား?"

ကျောင်းသားရေးရာအခန်းထဲတွင် အစည်းအဝေးထိုင်နေကြသည့်သူများကို ကြည့်ကာ ရဝေသော်မျက်လုံးအဝိုင်းသားလေးဖြင့် မေးသည်။ ကျောင်းသားရေးရာရှိ ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ရှိသူများက အလှပဂေး ရဝေသော်ကိုမြင်သည်နှင့် မျက်လုံးများအရောင်တောက်သွား၏။

"အစ်မရဝေ!!!..."

ငိုသံကျယ်ကြီးဖြင့်အော်လာကြသည့် ကလေးတစ်သိုက်ကြောင့် ရဝေသော်တစ်ယောက် ကြောင်အသွားရသွားသည်။ စတုတ္ထနှစ်ကျောင်းသူဖြစ်သည့်အပြင် ယခင်နှစ်ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ အတွင်းရေးမှူးလဲဖြစ်သည်မို့ ယခုလို ဒုတိယနှစ်များက သူမကို မြင်သည်နှင့် အားကိုးတကြီးအော်ဟစ်လာခြင်းက အဆန်းတော့မဟုတ်ပေ။ လင်းရဝေတစ်ယောက် ကျောင်း၏ ပျော်ပွဲရွှင်ပွဲနှင့်ပတ်သက်ပြီး သူတို့ကိုအစည်းအဝေးအကြာကြီးထိုင်နေတယ် ထင်ပါရဲ့။

"လင်းရဝေ..."

"ဟုတ်..."

ကိုယ့်ထက်တစ်နှစ်သာကြီးသော်လဲ စီနီယာအစ်မမို့ လင်းရဝေသည် တရိုတသေသာဟုတ်သည်။ လင်းရဝေမျက်နှာထက်ရှိ မကြည်မလင်အရိပ်အယောင်များကြောင့် ကျောင်း fanfare ပွဲနှင့်ပတ်သက်ပြီး အစီအစဉ်က အဆင်မပြေသေးဘူးဆိုတာတပ်အပ်သိလိုက်၏။

ဒီလိုပါပဲ ကျောင်းသားသမဂ္ဂကကျောင်းရဲ့ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးရတာပါပဲ။ ဆရာ၊ဆရာမများက အာဏာအများစုလွှဲအပ်ထားပြီး ကျောင်းသားများနှင့်ဆရာများအကြား တာဝန်ယူရသည့် ကျောင်းသားတစ်စု။ အချို့သော ကျောင်းသားများ၏ မျက်မုန်းကျိုးခြင်းကိုလဲ သူတို့က ခံကြရသေးသည်။

"ခဏနားလိုက်ကြဦးလေ... ညနေစာလေးဘာလေးစားကြပြီးမှ ဆက်ပြောကြတာပိုမကောင်းဘူးလား..."

လင်းရဝေက ယခုနှစ်ခေါင်းဆောင်ဖြစ်သည်မို့ သိမ်းလိုက်တော့လေဟု ပြောလျှင်မသင့်တော်သည်မို့ နှစ်ဦးနှစ်ဖက် အခြေအနေကိုသင့်တော်မည့်စကားတစ်ခွန်းကို ရဝေသော်ထိန်းပြော၏။ ထိုအခါကျမှ အစီအစဉ်အဆင်မပြေသေးသည့် ကိစ္စတွင်သာ အာရုံရှိနေသည့် လင်းရဝေတစ်ယောက် အခြားသူများကို သတိထားမိတော့သည်။ ပင်ပန်းကာခေါင်းပူနေသည့် မျက်နှာများကြောင့် သူ အားနာသွားရ၏။

White Lotus Senior & Wolf Junior [Original]Where stories live. Discover now