Zawgyi
အပိုင်း- ၁၇: ဖြောင့်တဲ့ကောင်လေးနှစ်ယောက်က တွဲလို့ရလို့လား။လင်းရဝေ အဝတ်လဲခန်းထဲမှ ထွက်သွားသည့် မင်းထက်မြတ်ကို ကြောင်အစွာ ကြည့်ရင်းကျန်ခဲ့ရှာသည်။ မင်းထက်မြတ် မျက်နှာက ဘာကြောင့်များထိုသို့ဖြစ်သွားရသည်လဲ။ သူတို့ ပြန်အဆင်ပြေသွားကြပြန်ပြီမဟုတ်ဘူးလား။ အဆင်ပြေသွားလို့ပဲ... လင်းရဝေ ကိုယ့်နှုတ်ခမ်းကိုယ်ပြန်ကိုင်ကာ သူတို့နှစ်ဦးကြားရှိအခြေအနေကို ပြန်တွေးရင်း မျက်နှာရဲသွားရ၏။ အဲ့ဒါကို ဘာကြောင့် မင်းထက်မြတ်က အခုလို တစ်စုံတစ်ခုကို စိတ်တိုသွားသည့် မျက်နှာမျိုးဖြင့် ထွက်သွားရပြန်တာလဲ။ သူ အမှားတစ်ခုခု လုပ်လိုက်မိလို့လား။ လင်းရဝေ အတွေးဖြင့်မောလာရကာ သက်ပြင်းရှိုက်သည်။ သူ့ဘဝတွင် မင်းထက်မြတ် သည် အသစ်ဆန်းဆုံးသော ခံစားမှုပေါင်းစုံကို ပေးနိုင်လွန်းသော တစ်ဦးတည်းသောသူ။
မင်းထက်မြတ်သည် ဘာကြောင့်... လင်းရဝေ စိတ်ရှုပ်ရှုပ်ဖြင့် ပြိုင်ပွဲကျင်းပရာ ခန်းမဘက်သို့သာ ဦးတည်သည်။ သူ့ရင်ခုန်သံတို့သည် တဒိတ်ဒိတ်နှင့် ပြင်းထန်စွာ လှုပ်ခုန်နေဆဲ။ သူတို့အဝတ်လဲခန်းထဲမှ အနမ်းအကြောင်းကို စဉ်းစားမိချိန်တွင် သူ့ ခန္ဓာကိုယ်အတွင်းပိုင်းတစ်ခုလုံးကို ရေနွေးစီးကြောင်းတစ်ခုသည် စိမ့်စီးသွားသော်လို။
ထို့အပြင် မင်းထက်မြတ် အကြောင်းတွေးမိတိုင်း သူ့ဗိုက်ထဲတွင်တော့ အကောင်ပေါင်းများစွာက ဟိုတိုးဒီတိုးလုပ်နေသလို သူ အတော်လေး မအီမသာဖြစ်ရသည်။ ဘယ်လိုခံစားချက်ကြီးမှန်းမသိ။ သို့သော်လဲ ထိုခံစားချက်ကို သူ နှစ်သက်သည်။ မင်းထက်မြတ်ကြောင့် ဖြစ်လာသော ခံစားချက်မျိုးစုံကို သူ နှစ်သက်သည်။
ကိုယ့်အတွေးဖြင့်ကိုယ် အခန်းတစ်ခုရှေ့မှအဖြတ် အခန်းတွင်းရှိ တိုးတိတ်ပြီး တမျိုးတမည်ထင်ချင်စရာ အသံတစ်ခုကြောင့် လင်းရဝေ လုံအောင်မပိတ်ထားသည့် ဟထားသော တံခါးကြားကို ကြည့်လိုက်မိခဲ့သည်။ အခန်းထဲရှိမြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို မိုးကြိုးပစ်ချသွားတော့သည်။
ယောကျာ်းလေးနှစ်ယောက်သည် ပူးကပ်နေကြ၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာဖက်တွယ်ထားကြသည်။ တစ်ယောက်သည် တွန်းနေသော်လဲ သူ့တွန်းအားသည် အားမပါသဖြင့် ထိုသို့တွန်းနေခြင်းက တစ်ဖက်သူကို တိုးဖက်ရန်အတွက် သွေးဆောင်နေသယောင်။
YOU ARE READING
White Lotus Senior & Wolf Junior [Original]
RomanceA white lotus senior with his wolf junior who hate white lotus.