Uincode
ခေါင်းတွေမူးနောက်၍ဘယ်လောက်တောင်သောက်ခဲ့မှန်းမသိလောက်ရအောင်ကို အရက်နာကျနေရတော့သည်။ အိပ်ယာကနေထဖို့ပြင်လိုက်ပင်မဲ့အဆမတန်ကိုက်လာတဲ့ခေါင်းကြောင့်ပြန်၍အသာလေးလှဲနေရသည်။ ခနလောက်ငြိမ်သက်နေပြီးမှအပြင်ကိုအသံပြုလိုက်၍တစ်ရောက်ရောက်ကိုခေါ်လိုက်သည်။
" အပြင်မှာဘယ်သူရှိလည်း "
တံခါးကိုဖွင့်၍မျက်နှာမသာမယာဖြင့်ဝင်လာသောချွဲ့ရှန့်ကုန်းကိုတွေ့လိုက်ရသည်။ ပြီးတော့လက်ထဲမှာလဲကြွေခွက်ထဲကိုဆေးထည့်၍ယူလာပေးသေးသည်။
" ဒါသောက်လိုက်ပါအရက်နာကျတာပျောက်တယ်တဲ့ မနက်အစောကြီးဘယ်သူမှမသိခင်သမားတော်ဌာနကိုသွားတောင်းထားတာ "
" အထိန်းတော်ချွဲရောသောက်ပြီးပြီးလား "
အံအောနေတယ်မျက်နှာအမူရာဖြင့်မသာမယာပြန်ပြောတော့သည်။
" ကျွန်တော်မျိုးမသာလူမှန်းမသိအောင်လုပ်ထားရင်မိဖုရားကို ဒီနန်းတော်ထဲဘယ်သူပြန်ပို့ပေးမှာလည်း"
အဒါလည်းဟုတ်တာပဲလေ ရုပ်ကိုမချိူမချင်ရီပြ၍ဆေးတွေကို ကုန်အောင်သောက်၍ကိုယ်လက်သန့်စင်ပြီးအဝတ်စားဆင်မြန်းတော့သည်။ အရင်နေ့တွေကနဂါးဆံထိုးကိုသာထိုးတာမို့ဒီနေ့ ဝတ်ရုံတော်နဲ့လိုက်အောင်ဇာမဏီဆံထိုးကိုထိုးလိုက်သည်။ ပြီးမှကျောက်ခက်သုံးခုရယ် ကျန်တဲ့အလှဆံထိုးတစ်ခုထပ်ထိုး၍ ရင်ဘက်ကကျောက်စိမ်းပြားကိုတပ်မလို့လုပ်လိုက်တော့ ထားနေကျနေရာတွင်မရှိပေ။
" အထိန်းတော်ချွဲ ကျောက်စိမ်းပြားမတွေ့ဘူး "
ချွဲ့ရှန့်ကုန်းအပါအဝင်ကျန်တဲ့အပျိုတော်ငါးယောက်လောက်ဝိုင်းရှာတာတောင်မတွေ့ရပေ နောက်ဆုံးဘယ်လိုမှရှာမရတဲ့အဆုံးမှာတော့ကျောက်စိမ်းပြားမတက်တော့၍ ဒီတိုင်းဖဲပြားလေးသာချည်၍မျက်နှာသာချယ်သရင်းစဥ်စားနေမိသည်။ မဟုတ်မှမနေ့ကအပြင်မှာကျကျန်နေခဲ့တာများလား ။
" မိဖုရား ပြောစရာရှိပါတယ် "
တွေးနေတာတွေခနရပ်၍ ချွဲ့ရှန့်ကုန်းစကားကိုသေချာနားထောင်နေလိုက်သည်။
YOU ARE READING
အရှင့်ရဲ့နွန်းဆိုးဟွာ(completed)
Short StoryBl fiction own creation Author by Yawnathan start date ( 27. jul. 20) ယောကျာ်းလေးတစ်ရောက်ဖြစ်ပင်မဲ့သေသွားတဲ့အမနေရာမှာအစားထိုကာ တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးနဲ့လက်ထပ်လိုက်ရတဲ့ နွန်းဆိုဟွာဆိုတဲ့ကောင်လေးတစ်ရောက်အကြောင်း........... သူလက်ထပ်ပြီး...