Uincode
အိပ်တော်ကိုပြန်ရောက်တော့ညနက်နေပြီးမို့အကုန်လုံးတိတ်ဆိပ်စွာရှိနေသည်။ တကယ်ဆိုအခုလို့တိတ်ဆိတ်နေတဲ့ညဘက်တွေမှာဒီလိုအလုပ်တွေလုပ်တာအသင့်တော်ဆုံးမဟုတ်လား အိပ်တော်ရဲ့မြောက်ဘက်စွန်းစွန်းမှာရှိနေတဲ့သီးသန့်အဆောင်ကိုသွားလိုက်ပြီ ဘေးဘက်တွက်မြေတူး၍လက်ထဲမှာအသင့်ပါလာတဲ့အထုပ်ကိုမြေမြုတ်လိုက်သည်။" ဦးရီးတော် ကောင်လေးအဆင်ပြေမှာပါနော် "
ကိုယ်ရံတော်ကြီးကိုစူးစူးဝါးဝါးကြည့်၍လုပ်လက်စအလုပ်ကိုလက်စသက်လိုက်ပြီး ထိုသီးသန့်အဆောင်ထဲကအိပ်စက်နေတဲ့ကောင်လေးစီကိုသွားလိုက်သည်။
" ဟူးးးးး မင်းကောင်းကောင်းအိပ်ပျော်နေတာပဲ "
အပူပန်မရှိအိပ်စက်နေတဲ့ကောင်လေးရဲ့နှဖူးလေးကိုနမ်းလိုက်ရင်း လက်ကလေးကိုပါစောင်ထဲထည့်ခြုံပေးကာ အဆောင်ပြင်ကိုထွက်လာလိုက်သည်။
" အရင်ကထက်ပြင်းတဲ့အားဆေးပြင်ထား ဟိုတစ်ခါတရုတ်ပြည်ကရတဲ့အားဆေးလေ "
" ဦးရီးတော် ဘယ်နေရာနေမကောင်းလို့လဲ "
" ကျွန်တော်အတွက်မဟုတ်ဘူး ဆိုးဟွာလေးအတွက်"
ကျေနပ်တဲ့အပြုံးတွေနဲ့မှာခဲ့ပြီးအိပ်ဆောင်စီသို့ထွက်သွားတဲ့သခင်ကိုကြည့်၍ ခေါင်းခါမိသည်တကယ်ဆိုဆိုးဟွာဆိုတဲ့ကလေးကသနားအကောင်းဆုံးပဲမဟုတ်လား။
မနက်အလင်းရောင်ရတဲ့အချိန်မှာတော့အိမ်တော်တစ်ခုလုံးသူအလုပ်နဲ့သူရှုပ်နေကျပြီးသူတာဝန်သူထမ်းဆောင်နေကျသည်။ လူဆိုဒါကအသက်ရှင်နေတဲ့ကာလပတ်လုံးအလုပ်ဆိုဒါကိုမလွဲမသေလုပ်ရတယ်မဟုတ်လား
" ဆိုးဟွာမနိုးသေးဘူးလား "
" ဟုတ်ပါတယ် အခုကျွန်တော်သွားနိုးလိုက်ပါမယ် "
" ထားလိုက် ကိုယ်တိုင်သွားလိုက်မယ် "
ပျော်ရွှင်မူတွေ ၊ ယုံကြည်ခြင်းတွေပြည့်နက်နေတဲ့ခြေလှမ်းတွေနဲ့ ဆိုးဟွာရဲ့သီးသန့်အဆောင်လေးကိုသွားလိုက်သည်။ အဆောင်တော်ထဲရောက်တော့ငြိမ်သက်နေပြီးတကယ်ဆိုးဟွာမနိုးသေးတဲ့အနေထားပင် ခြေထောက်တွေကိုဖော့၍လျောက်ကာနောက်လိုက်လက်ပါးစေတွေကိုလည်းအပြင်မှာမေခိုင်းလိုက်သည်။
YOU ARE READING
အရှင့်ရဲ့နွန်းဆိုးဟွာ(completed)
Short StoryBl fiction own creation Author by Yawnathan start date ( 27. jul. 20) ယောကျာ်းလေးတစ်ရောက်ဖြစ်ပင်မဲ့သေသွားတဲ့အမနေရာမှာအစားထိုကာ တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးနဲ့လက်ထပ်လိုက်ရတဲ့ နွန်းဆိုဟွာဆိုတဲ့ကောင်လေးတစ်ရောက်အကြောင်း........... သူလက်ထပ်ပြီး...