u r my only one
part .22.
သုန်သုန်တစ်ယောက်တေ့ာ အခုတလောပျော်နေပါတယ်
အိပ်ရာထနောက်ကျပေမဲ့လဲ ဘုရားကိုပုံမှန်သွားပြီးသန့်ရှင်းရေးလုပ်တယ်
နေ့လည်လောက်ဆိုပြန်ရောက်ပြီ အဲ့တော့ ခနနား ပြီးရင်ရေချိုးတယ် ထမင်းစား အသီးအနှံတွေစား ပြီးရင်တော့ စံအိမ်တခုလုံးကနေရာတွေကိုလျောက်သွား
ဟိုလူအတင်းတုတ်လဲသူပါတယ် ဒိလူရန်ဖြစ်လဲသူပါတယ် စားဖိုဆောင်က ဟင်းကိုဘယ်လိုချက်တယ် ဘယ်ခွေးကတော့ ကလေးဘယ်နှစ်ကောင်မွေးတယ်ဆိုတာကအစသူပါတယ်
မောသွားရင်တော့ သူမယ်တော်အဆောင်ကိုသွားပြီး ကပ်ချွဲကာ သူလိုချင်တာမှန်သမျှပူဆာတော့တာပဲ
အမတ်ကြီးတို့ဇနီးမောင်နှံကတော့ လက်ရှိ သုန်သုန်ရဲ့ဒိလိုပုံစံကိုပိုလို့သဘောကျနေကြတယ်
ခါတိုင်း သူတို့သားတော်မောင်က အခန်းထဲကမထွက် ထွက်လာရင်လဲ လှံတကိုင်ကိုင် လေးတကိုင်ကိုင်နဲ့ ဟိုအကောင်ပစ်လာလိုက် ဒီအကောင်ပစ်လာလိုက်နဲ့ တခါကလဲ ကျားပစ်လာပြီး စားဖိုဆောင်ကိုသွားချက်ခိုင်းလို့ စားတော်ကဲကြီးခမျာမူးမေ့သွားရှာတယ်လေ
အတော်ကြာအောင် နှိပ်နင်းပြုစုပြီးလို့ပြန်နိးလာတာတောင်မှပဲ ခမျာမှာတပတ်လောက်ဖျားသွားရသေး
အခုတော့အဲ့ဒါတွေစိတ်ပူဖို့မလိုတော့ပဲ သူတို့အဆောင်ကိုလဲ မှန်မှန်ကြွလာတော်မူပြီး စံအိမ်တခုလုံးကိုပတ်မွှေတယ်ဆိုပေမဲ့ သူတို့ကိုလာချွဲနေတတ်လို့ သဘောကျနေကြတာပါ
ဟော ဦးရီးတော်ဆိုရင် သားတော်မောင်က ဟင့်ခနဲလှုပ်လိုက်ရင် ပေးပြီးသား ဟောခနဲလုပ်လိုက်ရင်လဲချော့ပြီးသား ဘိုးတော်ဘုရားကလဲချစ်လိုက်တာမှတုန်လို့ပဲ
အဲ့လိုအဆင်ပြေပြေနဲ့ဆက်နေချင်ပေမဲ့လဲ သုန်သုန်ဟာ တဖက်ခေတ်ကဖြစ်တယ်ဆိုတာကိုမေ့ထားလို့ဘယ်ရပါ့မလဲ
တနေ့သူသီးနှံစားနေတုန်း ဘုန်းတော်ကြီးတပါးဆွမ်းဆန်စိမ်းကြွလာတော့ ရွှေတစ ဆန်တအိတ်ကို သဒ္ဒါပေါက်တာနဲ့လှူခဲ့တယ်
ESTÁS LEYENDO
(Complete)မင်းဟာငါ့ရဲ့တဦးသောသူ U R My Only One(OC) Bl .Zgi & Uni
Ficción históricaOwn creation Z+U Mature content သုန်န္နရီဖြိုးဆိုတဲ့ကောင်ကလေးဟာ သူ့ရဲ့နေ့စဉ်ဘဝကို ပန်းချီဆွဲခြင်း ကျောင်းတက်ခြင်း သူ့မွေးစားမောင်နှမတွေနဲကုန်ဆုံးခြင်း ဆိုပြီး တက်ကြွသွက်လက်စွာ ဖြတ်သန်းနေတဲ့ကောင်ချောလေးဖြစ်ပါတယ် ဒါပေမဲ့လဲ တနေ့တော့ လေပြေဆိုတဲ့အေးစက်စ...
