part-1(Uni+Zawgyi)

10.9K 341 14
                                    

ပြင်ဉီးလွင်မြို့နှင့်၅မိုင်အကွာတွင်ရှိသောအိမ်ကြီးတစ်အိမ်သို့ taxi
လေးတစ်စီးတစ်လှိမ့်လှိမ့်သွားနေသည်။ကားပေါ်တွင်ဆိုဖာကိုမှီကာမှေးရျ်လိုက်လာသောကောင်လေးသည်အသက်၂၅နှစ်အရွယ်ရှိပြီဖြစ်သည့်နေခွန်းသစ်ဖြစ်သည်။ခွန်းသစ်သည်နက်မှောင်နေသောဆံပင်တို့ကိုအုန်းဆီဖြင့်ဖိထားပြီးရှပ်လက်ရှည်အပြာနှင့်မွန်ပုဆိုးအနီတစ်ထည်ကိုတွဲဖက်ဝတ်ဆင်ထားပြီး
ပုံတုံးတုံးမျက်မှန်တစ်လက်ကိုတက်ထားသည်။ခွန်းသစ်ကိုယောက်ျားလေးသူနာပြုလို့ပြောလျှင်မည်သူမှ ယုံမည်မဟုတ်
ခွန်းသစ်၏ ဝတ်စားဆင်ယင်မှုကြောင့်ဟုလည်းဆိုနိုင်သည်။
သို့သော် ဒါသည်အမှန်တရားဘဲဖစ်သည်။ခွန်းသစ်သည်၁၀တန်းအောင်သောအခါဆေးမှတ်မှီပါသော်လည်းဆရာဝန်မလုပ်၊မိမိဝါသနာအရသူနာပြုအလုပ်ကိုသာရွေးချယ်ခဲ့သည်။ခွန်းသစ်သည်လွန်ခဲ့သောတစ်ပတ်ခန့်ကမှ
အောက်ပိုင်းသေနေသောလူနာတစ်ယောက်အားပြုစုရန် အလုပ်လက်ခံခဲ့ပြီးပြင်ဉီးလွင်သို့ရောက်နေခြင်းဖြစ်သည်။

"ကောင်လေးမင်းပြောတဲ့နေရာရောက်ပြီ"

ကားမောင်းဉီးလေးကြီးကြောင့်ခွန်းသစ်မှေးနေရာမှထပြီးကျသင့်ငွေအားပေးကါ မိမိဒီမှာဘယ်လောက်ကြာအောင်နေရမယ်မှန်းမသိရျ် ပိုပိုလိုလိုထည့်လာသော အဝတ်အစားများနှင့်
ပစ္စည်းအသုံးအဆောင်များထည့်ထားသောအိတ်ကိုလက်တစ်ဖက်ကဆွဲရင်း ဘေးသိုင်းဂျင်းလွယ်အိတ်ကိုတစောင်းလွယ်ကာ
ကားပေါ်မှဆင်းလာခဲ့သည်။

အထုတ်တွေကိုဘေးသို့ချရင်း
လက်၌ပတ်ထားသောနာရီအားကြည့်တော့ ၇နာရီကိုညွှန်ပြနေသည်။မနက်၅နာရီထဲက၃နာရီကြာအောင်စီးခဲ့ရသောကားကြောင့် ခြေသလုံးကြွက်သားတွေလည်းတောင့်တင်းပြီး ကျောလည်းတော်တော်တောင့်နေပြီ။တောင့်နေသောခြေသလုံးတွေကိုလက်တစ်ဖက်ဖြင့်ထုရင်း ခါးကိုဘယ်ဆန့်ညာဆန့်လုပ်ပေးတော့မှသက်တောင့်သက်သာရှိသွားသည်။

ခွန်းသစ်အိမ်ကြီးကိုတစ်ချက်မော့ကြည့်တော့နှစ်ထပ်အိမ်ကြီးဖြစ်ပြီး အိမ်ပတ်ပတ်လည်တွင်သုတ်ထားသောနံရံဆေးများမှာကွာကျနေပြီး ရေညှိ့တက်နေသောအုတ်ချပ်အချို့ကြားတွင်လည်း
နွယ်ပင်လေးများပေါက်နေသည်။
နွယ်ပင်လေးတွေကိုလိုက်ကြည့်တော့ပြတင်းပေါက်မှမြင်လိုက်ရတဲ့မျက်ဝန်းတစ်စုံ၊ပိတုန်းရောင်လိုနက်မှောင်နေပြီး သိမ်းငှက်လို
ဗန်ဒါစေ့မျက်လုံးများနှင့်ရင်ဆိုင်လိုက်ရသည်။မျက်လုံးချင်းဆုံမိတဲ့တခဏ အလိုမကျမှုကြောင့်တွန်းချိုးသွားတဲ့မျက်ခုံးတစ်စုံ၊
ချက်ချင်းဆိုသလိုမြင်လိုက်ရတဲ့
ကျောပြင်တစ်ခု။

အချစ်သည်သာ(Completed)Where stories live. Discover now