2🌷(U)

300 47 0
                                    

5th August, 2016

ဒီနေ့က မိုချီ့မွေးနေ့။
သောက်လက်စ စီးကရက္တိုကို ပြာခွက်ထဲ
ဖိချေရင်း အနားမှာလာအီနေတဲ့မိုချီ့ကို
ချော့နေရတယ်။ သူ့ကစားဖော်လေးဆုံးသွား
ပြီးကတည်းက မိုချီက မကြာခဏဖျားတတ်
လာတယ်။ အဖော်သစ်ရှာလာပေးတော့
လည်းရန်လို။ အခုဆို ၂၄နာရီနီးပါး မိုချီက
အျမဲ သူ့အနားမှာကပ်နေတော့တာ။တိရိစာၦန်ဆေးကုဆရာဝန်တစ်ယောက်
ပေမယ့် မိုချီ့ဝမ်းနည်းမှုတွေကို သူဘယ္လို
ကုပေးရမလဲမသိပါ။

ရေခဲသေတ္တာထဲကြည့်တော့ သူလိုနေတာ
ကိတ်မုန့်။ စီးကရက်လည်းတစ်ခါတည်း
ဝယ်ဖို့တွေးပြီး အပေါ်ကုတ်အကျႌထပ်ပြီး
လမ်းထိပ်က 24hrs mini mart ဆီ
လမ်းလျှောက်ထွက်လာလိုက်တယ်။
မိုးရွာထားလို့ လေထုကနည်းနည်းစိမ့်နေပြီး
လမ်းတွေကလည်း စိုစိစိ။
စီးကရက်ဖွာလာရင်း လေညှင်းလည်းခံရင်း
ခပ်ဖြည်းဖြည်းပဲ လျှောက်လာလိုက်တယ်။

"ဘယ္သူလဲ"

ရုတ်တရက်အနောက်ကနေ တစ်စုံတစ်
ယောက်က သူ့လက်ကိုခပ်ကြမ်းကြမ်းဆွဲ
လိုက်ပြီး လမ်းသွယ်တွေကြားထဲ နံရံထောင့်
မွာ ဖိချုပ်ထားတယ်။

"ခဏေလး၊ အ့ ...အသံမထွက်နဲ့"

သူ့ပါးစပ်ကို လက်တစ်ဖက်နဲ့အုပ်ပိတ်လာပြီး
ဒီကောင်လေးက လမ်းအပြင်ဘက်ကို
ကြည့်နေတယ်။ အသက်ရှူသံတွေကပြင်းနေ
ပြီး ခန္ဓာကိုယ်ကပါ တဆတ်ဆတ်တုန်နေပုံ
က မကြာခင်မှာလဲကျသွားတော့မယ့် အရိပ်အယောင်တွေ။

"ရှာကြစမ်း တွေ့အောင်ရှာ ဝေးဝေးပြေး
နိုင်မှာမဟုတ်ဘူး၊ တွေ့တာနဲ့ရိုက်သတ်
ပေးလိုက်၊ သေသွားရင်အလောင်းပါ
ဖျောက်လိုက်၊ နောက်ပြဿနာနောက်မှ
ရှင်းမယ်"

အသံလာရာကို သူပါလိုက်ကြည့်မိတော့
အပေါ်အောက်အနက်ဝမ်းဆက်နဲ့
ဆယ်ယောက်လောက်ရှိမယ့် လူတစ္စု။
အခြေအနေကိုနည်းနည်းတော့ ခန့်မှန်းမိ
သြားသလို။ ဒါမျိုးတွေက ရုပ်ရှင်ထဲမှာပဲပေါ
ကြတာလို့ထင်ထားတာ။ လူမိုက်တိုင်းက
ဘာလို့အနက်ဝမ်းဆက်နဲ့ စတိုင်ထုတ်လဲ
စဉ်းစားလို့ကိုမရဘူး။ သူ့ကိုပါးစပ်ပိတ်ပြီး
ချုပ်ထားတဲ့ ဒီကောင်လေးကကော လူမိုက်
လား။ သူလည်း အနက်ဝမ်းဆက်နဲ့ပဲ။
ဒါပေမယ့် တစ်ကိုယ်လုံးစိုရွဲနေပြီး
ဂုတ်ထောက်နေတဲ့ အပြာရောင်ဆံပင်တွေက ရေစက်လက် စက်လက်။ ပြီးတော့ ဝမ်းဗိုက်
မွာ ချင်းချင်းနီရဲပြီးလျှံထွက်နေတဲ့ သွေးတွေ။

Bellona: A Love Untold(One Shot)Where stories live. Discover now