Ending🌷(U)

394 52 1
                                    

17th June, 2017
လေညှင်းတွေနဲ့ မိုးနံ့ကပါ ကပ်ပါလာတယ်။
မိုးရေကြောင့် မြက်ခင်းနုနုတွေပေါက်နေတဲ့
မြေပုံလေးက ပိုစိမ်းနေပြီး ကမ္ဗည်းတိုင်လေး
ကလည်း ရေစက်လက်နဲ့ပေါ့။ Sean ယူလာပေးတဲ့ အဝါရောင်နှင်းဆီရနံ့တို့က
သင်းလို့။ နှင်းဆီဝါတွေက ဝမ်းနည်းခြင်းနဲ့
အဖော်ပြုပေးခြင်း သဘောဆောင်တယ်လို့
Sean က ပြောပြတယ်။  သူ့ရဲ့ကျောပြင်ကိုပုတ်ပေးပြီး နှစ်သိမ့်စကားတွေ တရစပ်ဆိုနေတဲ့
Sean အသံကိုလည်း ကြားတစ်ချက်....
မကြားတစ်ချက်။ အခုသတ်သေလိုက်သင့်
လား။ သူ့ကိုထီးမိုးပေးထားတဲ့ Sean ကို
ငေးမိတယ်။ "ကိုယ်ရှိတယ် Leo ၊
မင်းအနားမှာ ကိုယ်ရှိပါတယ်" ပြန်ကြားမိတဲ့
စကားသံ။ သတ်သေလိုက်လို့ တကယ်
မဖြစ်ပါဘူး။

ဖြဖြေလး ဆုပ်ကိုင်ထားပေးတဲ့ Sean လက်
တွေကို ပြန်လည်ယှက်တွယ်ပေးလိုက်တယ်။
Sean ရဲ့လက်ဖဝါးပြင်တွေက တကယ္ကို
နွေးထွေးနေတာ။
...
....
.....

"မိုချီရေ...ဒီမှာကြည့်ပါအုံး"

"ဟာ...Leo ဘယ်ကနေခေါ်လာတာလဲ၊
မိုချီကိုက်လိမ့်...."

"တွေ့လား...မိုချီက လိမ္မာပြီးသား၊
ဘယ်မှာ ကိုက်လို့လဲ"

"ဘယ္ကေန ခေါ်လာတာလဲ၊ သူမ်ား
အပိုင်ဆို မကောင်းဘူးလေ၊ လိုက်ရှာ
နေကြလိမ့်မယ်"

"Sean ရာ အရမ်းပွားတာပဲ၊
ခိုးလာတာလည်းမဟုတ်ဘူး၊
ဂေဟာကနေ မွေးစားဖို့ခေါ်လာတာ၊
မိုချီလည်းမဖော်မရှိတာနဲ့...
ချစ်စရာလေးပါ၊ ကြည့်ပါအုံး"

"အင်း...ချစ်စရာလေး၊ အထီးလေးနော်"

"အော်ဟော...ဆရာဝန်ပီသပါပေတယ်"

"နာမည် ဘယ်လိုပေးကြမလဲ"

"ယိုလီ....၊ မိုချီနဲ့ ယိုလီ"

"ချစ်တယ် Leo"

"ကျွန်တော်ရောပဲ Sean"

"အင်းပါ... နွားနို့ပူပူလေးကျိုထားတယ်၊
ကိတ်လည်းရှိတယ်၊ စားလိုက်နော်"

"Sean...ပန်းအိုးထိုးဖို့ မမေ့နဲ့ဦး"

Bellona တစ်ပွင့်ကိုကမ်းတယ်။
သူ့နဖူးကို တစ်ချက်နမ်းပြီး မိုချီ၊ ယိုလီတို့နဲ့
သွားထိုင်ဆော့နေတဲ့ ကောင်လေးကို
ရပ်ကြည့်နေမိတယ်။ ဆံပင်ပြာလေးတွေက
ပိုရှည်လာပြီ။ ဆံပင်ညှပ်ပေးသင့်လားလို့
တွေးမိသေးတယ်။ ဆံပင်တိုလေးနဲ့ဆို
ပိုချစ်ဖို့ကောင်းသွားမလားပဲ။ အပြုံးလေးက
ချိုချိုလေးရယ်။ အချိန်တွေကြာလာတာ
နဲ့အမျှသူတို့နှစ်ယောက်ရဲ့ နှလုံးသားတွေက
ပိုပိုတွယ်ငြိတယ်။ တစ္ခုပဲ.......
7th December, 2017
ဒီနေ့လည်း Leo ဆီက ချစ်တယ် ဆိုတဲ့
စကားသံလေး မကြားဖြစ်သေးပါဘူး။

Bellona: A Love Untold(One Shot)Where stories live. Discover now