Dream_18

1.2K 99 11
                                    

ဆေးရုံတက်နေရတဲ့ တလျှောက်လုံးမှာ သူရောက်မလာခဲ့ဘူး ဒါမှမဟုတ် သူ ကျွန်တော့ကို ရှောင်နေတာပဲလား😔

P'sammyက ကျွန်တော့အနားမှာ အချိန်ပြည့်ရှိ‌ပေးခဲ့တယ် ဒါကြောင့်လည်း ကျွန်တော်နဲ့ သူ့ကြားဘာတေဖြစ်ခဲ့လဲ ဆိုတာသိလာတယ်

ကျွန်တော် သိလာရတာကတော့

ပြောရရင် P'Boun ခုတော့ P'Winပေါ့ သူက ထိုင်းနိုင်ငံရဲ့ နံပါတ်တစ်စာရင်းဝင် အချမ်းသာဆုံးပုဂ္ဂိုလ် သူ့မှာ ကုမ္ပဏီခွဲတေ အများကြီးပဲ ပီးတော့ သူက Alphaတယောက်

ကျွန်တော်နဲ့လက်ထပ်ခဲ့တာက ကျွန်တော်က Omega ဖြစ်နေလို့

Alphaဆိုတာက Omegaနဲ့ပဲ အတူတူနေလို့ရပါတယ် Omegaကလဲ Alphaနဲ့သာ အတူနေလို့ရပီး ကိုယ်ဝန်ဆောင်နိုင်တဲ့ ယောကျားပါ

ကမ္ဘာပေါ်မှာ Alphaတယောက်မက ရှိနိုင်ပေမယ့်လို့ Omegaက အရမ်းရှားပါတယ် ဒါကြောင့်လည်း ကျွန်တော့်ကို လက်ထပ်ခဲ့တာပါ

သူက အချမ်းသာဆုံးစာရင်းဝင်တယောက် ဖြစ်တဲ့အတွက် သူ့အမွေတေကို ဆက်ခံဖို့ အမွေခံလိုအပ်တယ် အဲ့အမွေခံကို မွေးပေးနိုင်မယ့်သူကလည်း ကျွန်တော်ပဲတဲ့

P'sammyပြောပြတာအရဆိုရင် သူက ကျွန်တော့ကို မချစ်ပဲ သူ့မျိုးဆက်တခု ထဲအတွက်သာ လက်ထပ်ခဲ့တာပါ နောက်ပီး ကျွန်တော့ကို ဒိုင်ယာရီစာအုပ်တအုပ်ပေးထားတယ်

ရက်စွဲကို ကြည့်တော့ 1952ခုနှစ် ကျွန်တော်ရောက်နေတာက လွန်ခဲ့တဲ့ နှစ်၇၀ကို ရောက်နေတာ ကျွန်တော်လာခဲ့တာက 2020မှာ စာအုပ်လေးထဲက အကြောင်းအရာလေးတေကို သေချာဖတ်နေမိတယ်

****

မနက်ဖြန် ကျွန်တော်လက်ထပ်ရတော့မယ် ကျွန်တော်ချစ်တဲ့သူနဲ့လက်ထပ်ရမှာမို့ အတိုင်းမသိဝမ်းသာတယ် ဒါမဲ့ သူကတော့ ကျွန်တော့ကို မချစ်ဘူး သူက😞

Dean_Team ကလေး ခနနေ Winနဲ့ မင်္ဂလာဝတ်စုံ သွားယူရမယ် ဆင်းလာခဲ့တော့နော်

P'Deanက အကိုအကြီးဆုံးပါ ကျွန်တော်တို့က မောင်နှမသုံးယောက်ရှိတယ် ကျွန်တော့အထက်က P'sammy သူမက အရမ်းချစ်ဖို့ကောင်းတယ် ပါးလေးတေဖောင်းကားနေပီး ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်လေးနဲ့ အရပ်ကရှည်တော့ မော်ဒယ်တေတောင် ရှုံးလောက်တဲ့သူမျိုး

Dream within a Dream🚨(Complete)Where stories live. Discover now