Dream_19

1.1K 114 20
                                    

ဆေးရုံမှာ တပတ်လောက်နေရပီး အိမ်ကိုပြန်ရောက်လာတယ် Team အဖြစ်နဲ့ပေါ့

ခြံထဲ ဝင်ဝင်ချင်းမှာ ရင်းနှီးနေတဲ့ ခံစားချက်တေ မြင်ကွင်းထဲက ပုံရိပ်တေ တဖြည်းဖြည်း ပေါ်လာတယ် ဒါမဲ့ ကျွန်တော်က Teamဆိုတာ မယုံချင်သေးဘူး

P'winက ကလေးနှစ်ယောက်ကို ပွေ့ပီး ကျွန်တော့ဘေးကို လာရပ်တယ်

Win_Team ဒီအိမ်ကို မှတ်မိတယ်မလား

P'က ကျွန်တော့ကို ရောဂါကြောင့် အကုန်မေ့သွားတယ်လို့ ထင်နေပုံပါပဲ

Prem_krub ကျွန်တော် မှတ်မိပါတယ်😊

Win_ဒါဆို ကလေး အထဲကို သွားနှင့်နော် သားလေးတေကို ခေါ်သွားလိုက် ကိုယ်အထုပ်တေယူပီး လိုက်ခဲ့မယ်

သားလေးနှစ်ယောက်ကို တဖက်တချပ်စီပွေ့ကာ အိမ်ထဲဝင်လာတော့ ဘယ်အခန်းက ဘယ်သူနေတယ်ဆိုတာ ပြောစရာမလိုအောင် ကျွန်တော်သိနေတယ်

သားလေးတေကို ကြည့်ပါဦး အိပ်ပျော်နေတာ သိပ်ကိုချစ်ဖို့ကောင်းတယ် သားလေးနှစ်ယောက်ကို ကျွန်တော်နာမည်ပေးထားတယ် Teamဆိုရင်လည်း ခုလိုပေးမယ်ဆိုတာ ယုံကြည်ပါတယ်

သားအကြီးလေးက First သားအငယ်လေးကိုတော့ Heart လို့ပေးထားတယ် ကျွန်တော့ရဲ့ ပထမဆုံး နှလုံးသားလေးတေပေါ့😊 သား‌လေးတေကို ကျွန်တော် အရမ်းချစ်သလိုမျိုး Teamလည်း ချစ်လိမ့်မယ်လို့ ယုံကြည်တယ်

ကျွန်တော်က Premပဲဖြစ်ဖြစ် Teamပဲ ဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက်လုံး ချစ်ရတဲ့သူက တယောက်ထဲပဲ
ခုတော့ ကျွန်တော့မှာ ချစ်စရာ သားလေးနှစ်ယောက် ထပ်တိုးလာပီ☺️

Win_ကလေး ကိုယ့်ကို သားလေးတေပေး ကလေး ရေအရင်ချိုးလိုက်လေ ခနနေ အဖွားဆီ သွားလည်ရအောင်လို့

Prem_ဟုတ် ခနလေးစောင့်နော် P'

Win_ကလေး ကိုယ့်ကို အရင်လို ကိုကိုလို့ပဲ ခေါ်ပေးလို့ရမလား

Prem_ဟုတ်ကဲ့ ကိုကို

P'bounနဲ့ P'winက ရုပ်ချင်းဆင်နေကြပေမယ့်လို့ နေထိုင်ပုံချင်းက အရမ်းကွာတယ် P'bounက နားကွင်းလေးတေ နားမှာအပြည့်တပ်ပီး လူငယ်ဆန်ဆန် ဂျင်းဘောင်းဘီလေးတေနဲ့ နေတတ်ပေမယ့် သူကတော့ အဲ့လိုမဟုတ် ရှပ်အကျီအဖြူလေးတေ အများဆုံးဝတ်တတ်ပီး စတိုင်ပင်နဲ့သာ တွဲဝတ်တတ်တယ် နားကွင်းဆိုတာမပြောနဲ့ နားပေါက်ပင်မရှိ

Dream within a Dream🚨(Complete)Where stories live. Discover now