Part-1

2.4K 174 16
                                    


Zawgi

🎶'One kiss is all it takes
Falling in love with me
Possibilities

I look like all you need'🎶

club အတွင်းမြူးကြွကြွ တေးသံတို့ပျံ့လွင့်လာတာကြောင့်stageပေါ်သို့လှမ်းကြည့်မိသည်...တွေ့လိုက်ရတာက ဖြူဖြူသေးသေး နဲ့ချစ်စရာကောင်လေးတစ်ယောက်သီချင်းဆိုနေတာ အသံကသြရှရှလေးနဲ့...ဒီလိုဖြူစုတ်စုတ်ကောင်လေးက ဒီလိုclubမှာဘာလုပ်နေတာလည်း ဒါသူရှိသင့်တဲ့နေရာမဟုတ် ဘူးလေ clubကိုမလာတာကြာတာနဲ့ ဒီမှာလည်းဘာတေဖြစ်နေမှန်းမသိတော့ သူငယ်ချင်းဖြစ်တဲ့ bartender taehyung ကိုပဲမေးရတော့တယ်...

Jk-ဟျောင့်...သူကဘယ်သူလည်း

ဝိုင်ခွက်ကို အဝတ်စနဲ့သူတ်နေရင်း taehyung ကပြန်ဖြေလာသည်...

Taehyung-ဘယ်သူလဲ...

Jk-သီချင်းဆိုနေတဲ့တစ်ယောက်လေ...

Taehyung-အာ..yoongi hyungလေ

Jk-hyung??..

Taehyungကhyungလို့ခေါ်မှတော့ ကျွန်တော့်ထက်လည်းကြီးတာပဲ stage ပေါ်ကိုတစ်ချက်ကြည့်လိုက်တယ်...

Jk-အဲ့လိုပေါက်စလေးက ငါ့ထက်ကြီးတယ်?..

Taehyung-ဟုတ်တယ် hyungက ပေါက်စနလေးမို့မထင်ရဘူး...ချစ်စရာလေးရယ်

Jk-နေပါဦး သူကဒီလိုပဲဆိုနေကြလား..

Taehyung-ဟုတ်တယ် သူဒီကိုလာလာနေတာနှစ်ပတ်လောက်ရှိပြီ တစ်ပတ်ကိုအနည်းဆုံးနှစ်ရက်လောက်တော့ သီချင်းဆိုတယ်..သူစိတ်ချမ်းသာရင်ပြီးရောငါတို့လည်းလွှတ်ထားလိုက်တာ..

🎶'Something in you lit up heaven in me
The feeling wont let me sleep
Cause I'm lost in the way you move the way you feel'🎶

taehyungကိုဆက်ပြောမနေတော့ဘဲ tequila တစ်ခွက်သာကိုင်ထားရင်း သီချင်းဆိုတာနားထောင်နေမိတယ် ဆိုတာတော်တော်ကောင်းတာပဲ...

🎶'Onee kiss is all it takes
Falling in love with me
Possibilities
I look like all you need'🎶

ရုပ်လေးကလည်းချစ်စရာလေး အသားလေးကလည်းဖွေးလို့ သီချင်းဆိုလို့ပြီးတာနဲ့ stage ပေါ်ကဆင်းလာတယ် stageပေါ်ကဆင်းလာတာနဲ့ ကျွန်တော့်ကိုမြင်သွားတော့ သွား ၃၂ ချောင်းပေါ်အောင်ရီပြလာတယ်... ဘာလဲဟ ငါ့ကိုသိတာလား...

▪️Dynamite Boy▪️Where stories live. Discover now