Part-2

1.2K 176 30
                                    


yoongi-jungkookie ရေ~...

Jk-ကျစ်....လာပြန်ပြီ

ခုတစ်လော တခြားလုပ်ငန်းတေနားထားလို့ clubမှာပဲသောင်တင်နေတယ်...ကောင်းကောင်းနားမယ်တွေးထားပေမယ့် ညနေတိုင်းရောက်ရောက်လာတဲ့ ဒီအကောင်ပေါက်ကြောင့် တစ်နေ့တစ်နေ့ အေးဆေးနေရတယ်မရှိဘူး...မျှော့လိုပဲတွယ်ကပ်နေတာ....ဘာလို့တွယ်ကပ်နေလဲမေးလိုက်တိုင်း အဖြေကတစ်ခုတည်း...ချစ်လို့လေတဲ့...အဟက် ဘယ်လိုကြီးလဲမသိဘူး ကျွန်တော့်အတွက်တော့ အက်လိုစကားတေကြားလိုက်ရင် ပုရွက်ဆိတ်အပြုံလိုက်ကြီးကိုယ်ပေါ်တက်လာသလိုခံစားရတယ် ရှုပ်ရှုပ်ရှက်ရှက်တေမကြိုက်လို့ မိန်းမဆိုခပ်ဝေးဝေးရှောင်တဲ့ ကျွန်တော့်လိုကောင်က ခုတော့ကြောင်ပေါက်တစ်ကောင်လိုက်တာခံနေရတယ်တဲ့...

Yoongi-jungkookie...ငါခေါ်နေတာမကြားဘူးလား

မကြားဘူးပြောရင်အော်နေဦးမယ်...ကျွန်တော်လည်း ဒီကြောင်ပေါက်နဲ့မှဘယ်လိုဖြ၀်လဲမသိပါဘူး သူတွယ်ကပ်နေတာကိုပဲ တွန်းမထုတ်ပဲလွတ်ထားလိုက်မိတာ အရင်ကဆို ဒီလိုလာလုပ်တာနဲ့ အသက်ပျောက်ပြီးသားပဲ

Jk-ကြားတယ်..ပြော

yoongi-ငါမနက်ဖန်မလာဖြစ်ဘူး...

ဘာလို့လဲတော့မသိရင်ဘက်ထဲမှာရုတ်တရက်ကြီးဟာလာဟင်းလင်းဖြစ်သွားသလိုခံစားရတယ်...ဘာလဲ...သူမလာတာငါပျော်ရမှာလေ...

Jk-ကောင်းတာပေါ့...

Yoongi-ဟွန့်...ဘာလို့လဲတောင်မမေးဘူး

စိတ်ချမ်းသာအောင်မေးပေးလိုက်ပါတယ်..

Jk-ဘာလို့လဲ

Yoongi-မနက်ဖန် စနေလေ...jin hyungကကျောင်းပိတ်ရက်တိုင်းကုမ္ပဏီခေါ်သွားပြီး အကုန်လျှောက်သင်ပေးတော့တာ ပြီးတော့တစ်နေကုန်သူ့ဘေးနားခေါ်ထားတာ ညအိပ်ယာဝင်တဲ့အချိန်ထိပဲ ခုကကျောင်းဖွင့်ရက်မို့ ကျောင်းပြန်ရင်းဝင်လာလို့ရတာ...

Jk-အော်...

Yoongi-ငါတော့လွမ်းနေတော့မှာပဲ....

သူဘာလို့ဒီလိုတေပြောတတ်ရတာလဲ သူဒီလိုတေပြောလိုက်တိုင်း မျက်နှာကိုမီးဟက်ခံလိုက်ရသလိုပဲ ဘယ်လောက်ပြောပြောနေသားမကျသေးဘူး...

▪️Dynamite Boy▪️Where stories live. Discover now