အပိုင်း(၂၂)/အပိုငျး(၂၂)

23.1K 2K 104
                                    

#Zawgyi

အပင်ရိပ်အောက်မှခုံတွင်ထိုင်ရင်း ဖုန်းကိုသာသည်းသည်းမည်းမည်းကြည့်နေသည့်ကောင်လေးက နယုန်ကြည့်နေတာကိုသတိထားမိဟန်မရှိ။

နှုတ်ခမ်းပါးပါးကတစ်စုံတစ်ခုကိုရေရွတ်နေတာကြောင့် တလှုပ်လှုပ်နှင့်ဖြစ်နေသည်။အနည်းငယ်ဖောင်းနေသည့်ပါးလေးတွေကိုအဝေးမှပင်သိသိသာသာမြင်နေရတာကြောင့် ငေးကြည့်မိ၏။စွဲစွဲမြဲမြဲအစိမ်းရောင်ကိုသာကြိုက်သည့်ကောင်လေးရယ်မို့ ယခုလက်ထဲကဖုန်းမှာလည်းအစိမ်းရောင်ဖျော့ဖျော့ရှိသည့် ဖုန်းကာဗာကလေးတပ်ထားပုံရသည်။ခြံတံခါးရှိနေတာအပြင်အပင်အုပ်အုပ်ဆိုင်းဆိုင်းနှင့်အပင်ရိပ်အောက်ထိုင်နေတာကြောင့် သိပ်ပြီးတော့သဲသဲကွဲကွဲတော့မမြင်ရ။

တစ်နေရာရာကိုကြိုးကြိုးစားစားဖုန်းခေါ်နေပုံရပေမဲ့ တစ်ဖက်ကမကိုင်ဟန်တူသည်။သက်ပြင်းရှိုက်ရင်း မျက်နှာနုနုကလေးကမှုန်မှုန်မှိုင်းမှိုင်း။ကြီးကောင်ဝင်သည့်အရွယ်ဖြစ်ပြီမို့အနည်းငယ်ရုပ်ပြောင်းလာသော်ငြား မျက်နှာနုနုကလေးကအခုထိတိုင်ကလေးရုပ်ကလေးဖြစ်နေဆဲ။အသံသြသြကလေးဖြစ်နေမလားတွေးမိပေမဲ့ လွန်ခဲ့သည့်သုံးနှစ်ကတည်းကအသံတော့မကြားရတော့တာကြောင့် နယုန်မခန့်မှန်းနိုင်။

လမ်းတစ်ဖက်မှလှမ်းကြည့်နေမိပေမဲ့ ခုံတန်းပေါ်မှာထိုင်နေသည့်ကောင်လေးကိုတစောင်းအနေအထားဖြင့်သာမြင်နေရသည်မို့ စိတ်ထဲအားမလိုအားမရဖြစ်လာမိသည်။ဒီတစ်ခေါက်ပြီးလျှင် အနည်းငယ်ရိပ်မိလာသလို စောင့်ကြည့်နေသည့်မာမီ့ကြောင့် ခေတ်ကိုထပ်မတွေ့ဘဲနေရတော့မည်။ယခုထိမာမီ့လောင်းရိပ်အောက်ကမရုန်းထွက်နိုင်သေးသည့်ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်မိပေမဲ့ မတတ်နိုင်။နောက်တစ်ကြိမ်ထပ်တွေ့ဖို့ကဘယ်အချိန်မှဖြစ်မလဲမသိနိုင်သေးတာမို့ ကောင်ကလေးမျက်နှာနုနုကိုမျက်နှာချင်းဆိုင်တည့်တည့်မှမြင်ကြည့်ချင်သည်။တစောင်းအနေအထားနှင့်သေချာမမြင်နိုင်သည့်အရည်လဲ့နေသည့် မျက်ဝန်းကလေးတွေကိုကြည့်ချင်သေးသည်။

ကားဟွန်းကိုကြာကြာဖိတီးတော့ ရုတ်တရက်ဖြစ်တာကြောင့်လန့်သွားပုံရသည့်ကောင်လေးက မျက်မှောင်ကျုံ့ကာလှည့်ကြည့်လာ၏။အလိုမကျသလိုမှုန်ကုပ်ကုပ်ဖြစ်နေသည့်မျက်ဝန်းအိမ်ကလေးတွေကိုကြည့်ရပေမဲ့ မှန်တစ်ချက်ခြားနေတာမို့စိတ်ထဲဘ၀င်မကျ။ကားမှန်ကိုချကာ မျက်ဝန်းအိမ်ကလေးတွေကိုစိုက်ကြည့်လိုက်မိ၏။

ကိုကို သာလျှင် (Unicode+Zawgyi) (Completed)Where stories live. Discover now