Part (17)

1.1K 193 13
                                    

Jimin's point of view

ကျနော်ဟာ ညပိုင်းမှာတော့ စီစဥ်ထားတဲ့အတိုင်း အီဇူဘက်ကို ခရီးထွက်လာခဲ့တော့တယ်။ဆရာမက ၀န်ထမ်းအနည်းငယ်ရယ် ကင်မရာမန်းတစ်ယောက်ရယ်ပဲ ခေါ်လာခဲ့တယ်။ဒီတစ်ခေါက်ခရီးထွက်ရတာ ပေါ့ပါးပြီး လွပ်လပ်နေသလိုပဲ။ပြီးတော့ဘယ်နေ့ဘာလုပ်ရမယ်ဆိုတာလဲ အစီအစဥ်ကြိုဆွဲမထားဘူး။

လွန်ခဲ့တဲ့ ၆လလုံးမှာ အဘွားဆုံးသွားတာကနေပြီး အဲရီးကိုးဆုံးသွားတဲ့အထိ ကျနော်တို့နှစ်ယောက်လုံး အပြုံးမပျက်နေနိုင်ကြပေမဟ့် ရင်ထဲမှာ ဘယ်လောက်တောင်ခံစားနေရလဲဆိုတာ မပြောလည်း သိကြပါတယ်။အတတ်အကျတွေနဲ့ ပျော်လိုက်ကြ ၀မ်းနည်းလိုက်ကြနဲ့ ဒီခံစားမှု နှစ်မျိုးကို ညှိယူလို့ မရတဲ့ အဆုံးမှာတော့ ကျနော်တို့တွေ စိတ်အေးချမ်းသာမယ့်နေရာတွေကို ရှာဖွေလာကြတော့တာပေါ့။ဒါပေမယ့် တစ်ယောက်ဆီကနေ တစ်ယောက် ထွက်ပြေးနေတာမျိုးတော့မဟုတ်ပါဘူး။ဝေဝါးနေတုန်းမှာ ခဏ တည်ငြိမ်အောင် စောင့်နေလိုက်ရသလိုမျိုးပဲ။

ကျနော်အပြောင်းအလဲတွေကြုံပြီးနောက်ပိုင်း တော်တော်ကြီးပြောင်းလဲသွားတယ်။ရုပ််ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောပေါ့။ မှန်ထဲကို ပြန်ကြည့်ရင်တောင် အရင်က အဲရီးကိုးစံ တဖွဖွပြောနေတဲ့ မင်းသားလေး လိုမဟုတ်တော့ဘူး။ကျနော် ဂျောင်ကုနဲ့ အဝေးဆုံး တစ်နေရာမှာ စိတ်လွတ်ကိုယ် လွတ်ပျော်ချင်ပေမယ့် တကယ်တမ်းကျ ဖြစ်မလာခဲ့ပါဘူး။

နောက်တစ်နေ့မနက်ပိုင်းလောက်မှာရောက်ပြီး ညနေပိုင်းကျ ဟိုတယ်ကကြွေးတဲ့ အထူးစပယ်ရှယ်ဟင်းတွေကြောင့်သေချင်စိတ်ပေါက်မိတယ်။ဟင်းသီးဟင်းရွက်တွေများပြီး ကျနော်အရမ်းကိုမုန်းတဲ့ စိမ်းရွှေရွှေအနံ့တွေက ထောင်းခနဲ ထနေတော့ တတို့တောင် မတို့ခဲ့ရပါဘူး။

အဲ့လိုနဲ့ ညဦးပိုင်းရောက်တော့....

ရေမိုးချိုး အ၀တ်အစားလဲပြီး ဆရာမတို့ အခန်းကိုသွားပြောရတော့တယ်။

" ဆရာမ ကျနော်ဗိုက်ဆာလွန်းလို့ သေရတော့မယ်><
အပြင်ထွက်ပြီး တစ်ခုခု၀ယ်စားလို့ရမလားဟင် "

The Kitchen[completed]Where stories live. Discover now