💕Ep > 22(Uni&Zaw)

3.2K 314 25
                                    

(Uni)

"ဟိတ်...ချာတိတ်....''

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့
လူတစ်ယောက်ဆိုင်ကယ်ရပ်ထားခဲ့ပြီး
သူ့ဆီဦးတည်လာသည်။
အသက်အရွယ်က နှစ်ဆယ်ကျော်ဝန်းကျင်လောက်ဖြစ်မည်
လူရည်လူသန့် အရပ်ရှည်ရှည် စိုပြေဝင်းမွှေ့တဲ့
အသားအရေကြောင့်ထင်ရဲ့ လှမ်းကြည့်လိုက်တာနဲ့
မျက်နှာကထင်းခနဲထင်ရှားသည်။
မ်က္ခုံးထူထူ လေးထောင့်ဆန်တဲ့မေးရိုးအကျနဲ့
နှာတံစင်းစင်း အတော်ချောတဲ့လူလို့ပြောရမည်ထင်။
ဂျင်းပါးအညိုရောင်ဘောင်းဘီရှည်နဲ့ ဂျာကင်အညိုရောင်ကုတ်အရှည်ကို လိုက်ဖက်စွာဝတ်ဆင်ထားသည်။

"ကျွန်တော့ကို ခေါ်တာလား....''

"အင်းလေ...ဒီနားမှာမင်းပဲ ရှိတာ....ကိုယ်ထိုင်မယ်နော်...''

"ဒါကအများပိုင်လေ ခဗ်ားသေဘာပဲ....''

စကားစပြောမိတည်းက ကျူးယွင် မျက်ခုံးတွန့်သွားသည်။
ဒီကေလးက ထင်ထားတာထက်
ဂျစ်တီးဂျစ်ကန် နိုင်တာပဲ.....

"ဟ....မင်းပုံစံလေးနဲ့မထင်ရဘူးနော်....''

"ဘာကိုလဲ.....''

"အဟမ်း.....ကျောင်းပြန်ချိန်ကတော်တော်ကျော်နေပြီ အိမ်ကလာမကြိုဘူးလား....''

"လာမှာပေါ့....''

"ဟုတ္လား...ကိုယ်သတိထားမိတာတော့ တစ်နာရီလောက်ရှိပြီထင်တယ်....''

"ဘာ.....''

ဟ....ဒီလူကဘာလဲကြာ တစ်နာတောင်စောင့်ကြည့်နေခဲ့တာလား....

"ကိုယ်လိုက်ပို့ပေးရမလား....''

"မလိုဘူး....''

"မင်းကစူပုတ်နေရင် ပိုကြည့်ကောင်းတယ်.....ဒါနဲ့ကိုယ့်နာမည်က ကျူးယွင်ပါ...''

"ကျွန်တော်.... မေးမိလား.....''

"အဟမ်း...''

ကျူးယွင် အရှက်ပြေချောင်းတစ်ဟန့် ဟန့်လိုက်ပြီး
ဘာဆက်ပြောရမှန်းမသိ ခေါင်းကုတ်မိသည်။

တကယ့်မလွယ်ကြောလေး.....

"အဟင်း....မင်းမမေးမိပါဘူး...ကိုယ်ကမိတ်ဆွေဖြစ်ချင်လို့....''

"ကျွန်တော်က မဖြစ်ချင်ဘူး...''

"ဘာလို့လဲ.... ''

Love me again 💕(Completed)Where stories live. Discover now