💕Ep >28(Uni&Zaw)

2.9K 288 19
                                    

(Uni)

ဒါဆို ကျွန်တော်တို့မပြေလည်သေးဘူးပဲ....!

မပြေလည်သေးဘူးဆိုတာနဲ့ ခေါင်းလေးငုံ့ကာ
မျက်နှာငယ်လေးနဲ့မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ကလေးကို အသည်းယားစွာ
ကောက်ပွေ့ချီလိုက်တော့ အံ့သြသလိုမျက်လုံးပြူးလေးနဲ့လာကြည့်တယ်။

"ကို...ကို....''

အနည်းငယ်ရုန်းနေသေးတော့
ရှောင်းကျန့် စိတ်မရှည်စွာ....

"ငြိမ်ငြိမ်နေ... ''

ကိုကိုက စိတ်တိုမြန်လိုက်တာ....
ဒါပေမယ့် ဒီလိုပုံစံကဆွဲဆောင်မှုရှိတယ်။

ပွေ့ချီထားတဲ့လက်ထဲကကောင်လေးက
ပိတ်ဟောက်လိုက်တော့ ခဏငြိမ်သွားပြီးမှ
စပ်ဖြီးဖြီးနဲ့ကိုယ့်လည်ပင်းတွေကိုလာဖက်တွယ်တယ်။

မင်း...ကိုယ့်ကိုစိတ်မဆိုးဘူးလား
တကယ်ကို အမှတ်မရှိတာပဲ.......

"ကိုကို....ကျွန်တော်တို့ပြေလည်သွားပြီပေါ့နော်....ဟီး....''

"မင်းအရမ်းစကားများတယ်... ပစ်ချလိုက်ရမလား...''

ပစ်ချလိုက်ရမလားပြောတော့ ထိုကလေးကပြူးပြူးပျာပျာနဲ့
လှေကားအောက်ကိုလှမ်းကြည့်တယ်....

တကယ်ပဲ ပစ်ချမယ်ထင်တာလား
ကြောက်တတ်လိုက်တာ.....

"ရတယ်လေ ကျွန်တော်က ကိုကို့ကိုမရမကတွယ်ထားမှာ...ဟဲဟဲ....''

ကိုယ်ကသာ ပြောင်ချော်ချော်နဲ့စနောက်နေပေမယ့်
ကိုကိုကတော့ တည်ငြိမ်လွန်းလှသည်။
ဒီလိုအနေတည်တာကိုမှ ကိုယ်ကလည်း ပစ်ကြွေနေရသည်မဟုတ်လား....

လည်ပင်းကို ဖက်တွယ်ထားပြီး
ပွေ့ထားတဲ့လက်ထဲကနေ ကိုယ့်ကိုအားရပါးရ
ငမ်းနေသည့်ကောင်လေးက
နည်းနည်းလေးမှ အကြည့်လွဲမသွား....

"မမြင်ဖူးသလို ကြည့်နေတာတွေရပ်သင့်ပြီ....''

". ......''

တည်ငြိမ်ကျော့ရှင်းစွာသားနာနေတဲ့ ကိုကို့မျက်နှာမေးရိုးအကျက
တကယ့်တကယ်ကို ခန့်ညားသည်။
မ်က္ခုံးထူထူ စင်းနေတဲ့နှာတံချွန်ချွန်လေးနဲ့
နှုတ်ခမ်းပါးအောက်ကမှဲ့လေးက အင်မတန်မှ
ဆွဲဆောင်မှုအားပြင်းပြီး တစ်ဖက်လူကိုအလွယ်တကူ
ညို့ယူဖန်းစားနိုင်သည်မို့.....
အနီးကပ်မြင်နေရတဲ့ကိုကို့မျက်နှာကို
ငေးနေမိတာ လွန်မယ်မထင်.....

Love me again 💕(Completed)Opowieści tętniące życiem. Odkryj je teraz