Part 12

2.6K 270 32
                                    

Zawgyi

ဗိုက်ကအသံစုံပေးလာချိန် အချိန်ကြည့်မိတော့ ညနေ ၆ နာရီ ။ ဦးရာရဲ့ တာဝန်အရဆိုတဲ့ စကားကို စိတ်ဆိုးပြီး ရုံးက လက်တော့ယူပြီး အိမ်ပြန်လာခဲ့တာ နေ့လယ်တည်းကပင် ။ အိမ်ပြန်ရောက်သည်နှင့် မပြီးသေးတဲ့ အလုပ်တွေ လုပ်နေတာ အခုချိန်ထိ ။  နေ့လယ်ကလည်း ပေါင်မုန့်တစ်ထုပ်နှင့် အအေးတစ်ဗူးသာ သောက်ထားတော့ ဗိုက်က အသံစုံပေးနေခြင်းဖြစ်သည် ။

ဟုတ်ပါတယ် ။ ကိုကိုစိတ်ဆိုးပြီး ဘယ်သူ့ကိုမှ မပြောဘဲ ရုံးစောဆင်းခဲ့တာပါ ။ ဦးရာကို စိတ်ဆိုးနေတယ်ဆိုတာ မသိဘူးထင်တယ် ။ ကိုကို့ကို မချော့သေးပါ ။ ဘယ်ချိန်ဖုန်းဆက်ချော့မလဲ စောင့်နေသည်မှာ ညနေပင် ရောက်နေပြီ စီနီယာဆီကသာ မတွေ့လို့ဆိုပြီး ဖုန်းလာတယ် ။ ဦးမင်းစေရာဆိုတဲ့ လူကြီးဆီက ဖုန်းမလာပေ ။

ဗိုက်လည်း ဆာသလို ၊ လူဆိုးကြီးကိုလည်း လွမ်းတယ် ။ အမှတ်မရှိတာ မဟုတ်ပါဘူး ။ ဦးရာကို ချစ်တာပါ ။ ဦးရာစကားတွေကို ခံနိုင်ရည်ရှိသွားခြင်း မဟုတ်ဘဲ အကြာကြီးမခံစားတော့ဘူး ။ ဒီလူကို ချစ်မိတော့မှ ဒီလူ့အပြော ၊ အပြုအမူကို ကျင့်သားရအောင် လုပ်ယူရမယ်ဆိုတဲ့ ခံယူချက်ထားလိုက်တယ် ။ အင်း...နည်းနည်း စိတ်သက်သာရာရသွားတာပေါ့ ။

ချော့မယ့်သူက မချော့တော့ ကိုယ့်ဘာသာ စိတ်ဆိုးပြေလိုက်ရမယ်ထင်သည် ။ မချော့တတ်လို့ဘဲ မှတ်ယူပါတယ် ။ ဦးရာလို လူမျိုးက ချော့တတ်ပါ့မလား ။ ချော့တတ်လျှင်တောင် သူ့အမျိုးသမီးပဲ သူချော့မှာပါ ။

လက်ထဲက ဖုန်းမှာ ဦးရာဆိုတဲ့ နံပါတ်ကို အလိုအလျောက်ခေါ်လိုက်မိသည် ။ စိတ်ကတွေးဖို့လုပ်တုန်း လက်က ကျင့်သားရနေပြီမို့ တစ်ဖက်ကို ဖုန်းဝင်နေပြီ ။

"အင်း"

နားထဲ ဝင်ရောက်လာတဲ့ အသံသြရှရှက လွမ်းနေသည်ကို အနည်းငယ် လျော့စေတယ် ။

"ကိုကို စိတ်ဆိုးပြေပြီ ဦးရာ"

"အင်း"

ခဏတိတ်ဆိတ်ပြီးမှ ပြန်ဖြေတဲ့စကားက 'အင်း' တစ်လုံးတည်းပင် ။ တုန့်ပြန်မှုက ကိုယ့်ဘာသာ စိတ်ဆိုးပြလို့ အထင်သေးသွားတာများလား မတွေးတတ်တော့ပါ ။

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now