Part 18

2.8K 292 40
                                    

Zawgyi

၇ထပ်ရှိသော ရုံးချုပ်ဖြစ်သည့် ဒီ Company သည် တစ်နေ့ကျလျှင် ဂျွန်လေးအတွက်ဆိုပြီး သူရည်စူးခဲ့သည် ။ ယခုထိတိုင်လည်း Master Company က ဂျွန်လေးအတွက်ပင် ။ သူရောက်နေသော Company အောက်ဆုံးထပ်တွင်ရှိသော Restaurant လိုမျိုး အဆင်မြင့် Restaurant တွေ မြန်မာနိုင်ငံတွင် ဆိုင်ပေင်း ၃၀ ရှိသည် ။ ဟိုတယ် ၅လုံး ၊ ဆောက်လက်စ အိမ်ရာသည်လည်း ဂျွန်လေးအတွက်ပဲဖြစ်သည် ။တစ်နေ့ မြန်မာနိုင်ငံမှာရှိတဲ့ ပိုင်ရှင်မှုအားလုံးသည် ကျော့နှင့် ဂျွန်လေးအတွက်သာ ။

နေ့လယ် ၁၂နာရီကျော်ပြီမို့ နေ့လယ်စာစားဖို့ သူ Company ကို ပြန်လာခဲ့ခြင်းဖြစ်သည် ။ သူအလုပ်တစ်ခုပိုလာခဲ့သည်မှာ ကလေးနှင့် နေ့လယ်စာစားရန်ဖြစ်သည် ။ နေ့လယ်စာစားချိန်မို့ အောက်ထပ်တွင် ဝန်ထမ်းများ ဟိုတစ်စု ၊ ဒီတစ်စုတွေ့ နေရသည် ။ သူ့ကိုတွေ့လျှင် ခေါင်းငုံ့အရိုအသေပေး၍ ရှောင်သွားတာများသည် ။ အကြီးပိုင်းတွေကလွှဲလျှင် ဘယ်သူမှ လာမနှုတ်ဆက်ရဲပါ ။

"Boss "

လက်တော့အိတ်နဲ့ ဓာတ်လှေကားထဲမှ ထွက်လာကာ အပြေးအလွှား သူနှင့် ဇထက်အနား ရောက်လာသည့် ရနိပိုင် ။ သူ့ကို ခေါင်းညိတ်နှုတ်ဆက်ပေမယ့် သူကတော့ ဘာမှမတုန့်ပြန်ဘဲ လမ်းလျှောက်နေရာမှ ရပ်လိုက်သည် ။

"Out door လား ရန်ပိုင်"

ဇထက်မေးတော့ ရန်ပိုင့်မျက်လုံးတွေက သူဆီမှ ရွေ့သွားသည် ။ ကလေးမရောက်ခင်ကဆို ရန်ပိုင်သည် သူ့အဖွဲ့တွင် အငယ်ဆုံးပင် ။ သူ့ကို အကြောက်ဆုံးလည်း ဖြစ်သည် ။ ကျန်သူများက အသက်လည်း ကြီးတာကြောင့် ရိုသေလေးစားကြသည် ။ သူ့ကလေးတစ်ယောက်တည်း အကြေက်အလန့်မရှိ ၊ ရိုသေလေးစားမှုမရှိဘဲ သူ့ကို ချစ်ရဲသည် ။

"ဟုတ်ကဲ့ ကိုဇထက်"

"တစ်ယောက်တည်းလား"

ဇထက် ထပ်မေးသော မေးခွန်းက သူသိချင်တဲ့ မေးခွန်းပါ ။ Out door ဆို များသောအားဖြင့် ရန်ပိုင်နှင့် ကလေးအတူသွားကြသည် ။ ဇထက်က သူ့အနားမှာ နေတာကြာတော့ တော်ရုံကိစ္စတွေဆို သူပြောစရာမလိုဘဲ အလိုက်သိသည် ။

"ဟုတ်တယ် ကိုဇထက် ၊ ဆက်ပိုင်က ၆လွှာမှာ ပွဲကြမ်းနေတယ်"

"ဘာဖြစ်တာလဲ ! "

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now