Unicode အပိုင်း(၁၂)

691 39 0
                                    

အပိုင်း(၁၂)

လေပြေတွေညှင်သာစွာတိုက်ခတ်နေတဲ့နေ့လေးတစ်နေ့ ...ကောင်းကင်မှာတိမ်ညိုတွေသာစုဝေကာရွေ့လျားနေပေမယ့် မြေပြင်သို့ထိုနေ့ကမိုးစက်လေးတွေကျဆင်းမလာခဲ့ပါ။

မိုးဇင်ရဲ့အချိန်တွေဟာ အတွေးနဲ့သာကုန်ဆုံးနေလေသည်။ တွေးလက်စစိတ်ကူးတို့သည်ပြတ်စီးသွားချင်မရှိခေါ်မကြား အော်မကြားယုံသာမက တစ်ဆင့်ထပ်တိုးကာ
လုပ်ရမယ့်အလုပ်တွေမေ့လျော့နေခဲ့သည်။ အဆူအပြောခံရလည်းအရင်လိုဝမ်းနည်းသည်စိတ်မကောင်းဖြစ်သည်ဆိုတာမျိုးမရှိ ဘာမှမဖြစ်သလိုဘာမှမခံစားရတဲ့ သက်မဲ့အရာဝတ္ထုတစ်ခုလိုဖြစ်နေလေသည်။

ရင်ဘက်ထဲကစိတ်ခံစားချက်တွေကိုအပြင်မှာဘယ်လိုထုပ်ပြရမလဲ မိုးဇင်သူ မသိ၊ ခွဲခွာရမည်ကိုယ်စိုးရွံနေသလို အခုလိုနောက်ထပ် သူမ မိုးဇင်သူကြောင့်စိတ်အနှောက်ဆက်ဖြစ်သွားမှာကိုလည်းပူတွဲ၍ပူပန်နေခြင်းဖြစ်သည်။ မိုးဇင်သူက သူမ တွဲခဲ့ဖူးတဲ့သူတွေလိုလှမနေခဲ့ပါ၊နောက်ထပ်ကျန်ရှိနေသေးတဲ့မိုးဇင်သူရဲ့အားနည်ချက်တို့ကိုယ် ရေရှည်မှာသူမ လက်ခံမှ လက်ခံနိုင်ပါ့မလား အမေးတို့သည် အဖြေနဲ့အချိန်အတော်ကြာအလှမ်းဝေးကွာနေပြီးဖြစ်သည်။ နှလုံးသားကိုယ်ရှေ့တန်းတင်ပြီးဆက်တိုးသင့်သည်ဆိုသောနှလုံးသားဆန္ဒကတစ်ဘက် ဦးနှောက်နှင့်ဆုံးဖြတ်ပြီးရပ်တန့်သင့်ပြီးဆိုသောဦးနှောက်၏အဆုံးဖြတ်ကတစ်ဘက် ထိုဒွဟနှစ်ခုကြားမိုးဇင်သူမှာ ဗျာများနေရသည်။

.........

တနင်္ဂနွေနေ့မနက် 10နာရီ 15မိနစ်ရှိနေပြီးဖြစ်သည်။ အပတ်စဉ် တနင်္ဂနွေနေ့မနက်
10နာရီခွဲတွင် မေနှိုင်းခကိုယ်မိုးဇင်သူဖုန်းဆက်နှိုးလေ့ရှိသည်။ အိပ်ယာနိုးလည်း မိုးဇင်သူဖုန်းမဆက်မချင်းအိပ်ယာထလေ့မရှိသောမေနှိုင်းခသည် မိုးဇင်သူရဲ့ အိပ်ပုတ်ကြီးထတော့နော်ဆိုတဲ့ခပ်ချိုချိုအသံလေးကိုယ်နှစ်သက်သည်ဆိုတာငြင်းရက်စရာတော့မရှိ။

ဒီနေ့ သူမကိုယ် ဖုန်းဆက်နှိုးသင့်သလား။ညကဖြစ်ခဲ့တဲ့ပြသနာတွေကြောင့်သူမကိုယ်မျက်ရည်နှင့် မအိပ်စက်စေလိုပါ၊ထိုကြောင့်သာနှစ်သိမ့်ပေးခဲ့ပေမယ့်ကိုယ်တိုင်မှာတော့တစ်ညလုံးအိပ်မပျော်နိုင်ခဲ့သလိုခုထိလည်းကိုယ့်ကိုကိုယ်ဘယ်လိုပြန်နှစ်သိမ့်ရမလဲမသိသေးပါ။ ပြန်မြင်ယောင်လာမိသည်က မယုံကြည်ရင်မပတ်သတ်နဲ့တဲ့။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now