အပိုင်း(၁၄)
အပြင်က စကားပြောသံတွေဆူညံနေတာကြောင့် မေ လန့်နိုးလာခဲ့ရသည်။ မေ ရင်ခွင်ထဲမှာတော့ ခုချိန်ထိ ခွေခွေလေးအိပ်နေတဲ့ ဝက်ပေါက်တစ်ကောင်ကတော့ အပြင်ကအသံတွေကိုကြားမယ်မထင်ပါ။ အချိန်တွေကုန်တာအရမ်းမြန်လွန်းတယ် မခွဲခြင်းလဲခဏတော့ဝေးရဦးမယ်။ ဖော်ပြဖို့ခက်ခဲနေတဲ့မေ့ရဲ့ ခံစားချက်တွေ ဒီဝက်ပေါက်လေးကမြင်နိုင်ပါ့မလား ။ တုံးတုံးအအနဲ့ ပြောသမျှ လိုက်လျော ပေးတက်တဲ့သူအပြုမူတွေ
တခါတလေ ဆိုးချင်နွဲ့ချင်ပါလျှက်နဲ့ မေ စိတ်ဆိုးမှာကြောက်လို့မဆိုးရဲတဲ့ ပုံစံလေးတွေ မေ သတိတရရှိနေသည်ကိုယ် သူသိနိုင်လိမ့်မယ်မထင်ပါ။ ညတုန်းကသူတောင်းဆိုတာလေးကိုယ်ပြန်တွေးပြီး မေ သဘောကျနေမိသည်။ လူကြီးဆန်လိမ့်မယ်လို့ထင်ရပေမယ့်သူက အရမ်းကလေးဆန်တာညကမှမေပိုသိလာခဲ့ရသည်။"အင်း..."
သူခန္တာကိုယ်လေးမေရင်ခွင်ကရုန်းထွက်ပြီး ပျင်းကြောဆန့်ကာအိပ်ယာထဲလူးလိမ့်နေသည်။
"ဘယ်ချိန်ထဲကနိုးနေတာလဲမမေက"
"အပြင်မှာဒီလောက်ညံနေတာ"
"ဟုတ်လား.....မိုးဇင်တော့မကြာမိပါဘူး"
"ရှင်ကအိပ်ပုတ်နေတာကိုး"
"ဟီး"
"ရယ်မနေနဲ့ ထ မျက်နှာသွားသစ်"
"အေးတယ် ခဏလေးအိပ်ဦးမယ်"
"မရဘူး သွားသစ်...ညစ်ပတ်တယ်"
"မမေကလည်း...."
"သွားမှာလား မသွားဘူးလား"
"သွားမယ်.....ဟွန့်"
"အစထဲကပြောစကားနားထောင်လိုက်ရင်ပြီးနေတာကိုယ်"
"မမေကရော မျက်နှာမသစ်သေးဘူးလား"
"မေကိုယ်ကမပြောနဲ့လေး ခဏနေလိုက်လာမယ်"
"ဟွန့်"
စူစူပုတ်ပုတ်နဲ့အိပ်ယာထားသွားတဲ့ ဝက်ပေါက်လေးကိုယ်ကြည့်ရင် မေ ပြုံးရင်သာအိပ်ယာထဲကျန်ခဲ့သည်။
မမေမိုးလင်းတိုင်းမှာခုလိုလေးသာအတူတူနိုးထခွင့်ရမယ်ဆိုရင်ကြုံလာသမျှအခက်ခဲတွေရင်ဆိုင်ဖို့ခွန်းအားတွေပြည့်နေမှာသေချာတယ်။
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Romance#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...