Chapter (8)

6.7K 790 20
                                    

ရိပေါ်ကို သီးသန့်လူနာခန်းတွင်ထားထားသည် ။ ဘယ်ကနေ ဘယ်လိုတွေဖြစ်ကုန်မှန်း ရှောင်းကျန့်ကိုယ်တိုင်လည်း မသိပေ ။ ရိပေါ် မိဘတွေကိုလည်း သူဘယ်လိုပြောရမှန်းမသိသေးပေ ။

"ရှောင်းကျန့် ! ဘယ်လိုတွေဖြစ်ကုန်တာလဲ ဟမ် !"

"မား ဘယ်လိုသိပြီး"

"ဘယ်လိုသိရမှာလဲ ! ဝမ်လေးရဲ့မိဘတွေလှမ်းပြောတာပေါ့"

"ရှောင်းကျန့် ဘယ်လိုဖြစ်တာလဲ ။ ပါး ကိုပြော"

"မ..မသိဘူး ။ မနေ့ညက ကလပ်မှာသွားသောက်ပြီး တကယ်ဘာမှကိုမသိတော့တာ ။ ဒီမနက်နိုးလာတော့ ရိပေါ်ကိုဘေးမှာ ဒီအတိုင်းတွေ့တာပဲ "

ထိုစဉ် ရိပေါ်၏ မိဘများသည် ရိပေါ်ကိုထားထားသည့် လူနာခန်းထဲမှ ထွက်လာကြသည် ။

"ဘယ်လိုအခြေအနေရှိလဲ"

ဝမ်မားမားက မျက်နှာမကောင်းစွာဖြင့်ပြန်ဖြေရှာသည် ။

"သားက rape ခံရတာတဲ့ ။ ပြီး..ပြီးတော့ အဟင့်"

ရှောင်းကျန့်၏ အဖေကဝင်ပြောလာသည် ။

"ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး ။ ဒီကိစ္စကို ကျွန်တော်တို့ဘက်ကတာဝန်ယူပါ့မယ်"

"တာဝန်ယူရအောင် ကျွန်တော့်သားက မိန်းကလေးမဟုတ်ဘူး"

"ဒီလိုစကားမပြောပါနဲ့ သူဌေးဝမ် ။ ဝမ်လေးက ကျွန်တော်တို့မျက်စိအောက်တင်ပဲကြီးပြင်းလာတာ ။ ဒီကလေးသန်မာတဲ့ယောက်ျားလေးတစ်ယောက်ဆိုတာ ကျွန်တော် နားလည်ပါတယ် ။ ဒီကိစ္စကိုတော့ ဒီအတိုင်းမထားလိုက်နိုင်ပါဘူး"

ဝမ်ပါပါးသည် စိတ်လျှော့လိုက်ပုံရသည် သက်ပြင်းချကာ...

"သားရဲ့သဘောကိုပဲ မေးကြည့်ကြတာပေါ့"

"ကောင်းပါပြီ သူဌေးဝမ်"

............

"ခွပ် ! "

ရှောင်းကျန့် နှုတ်ခမ်းထောင့်ကသွေးစက်အချို့အားလက်ဖြင့်သုတ်လိုက်ပြီး ကြမ်းပြင်တွင်ဒူးထောက်ထိုင်ချလိုက်သည် ။

"ပါး !"

"ငါ ဘာမှမကြားချင်ဘူး ရှောင်းကျန့် ။ မင်း ဝမ်လေးကို တာဝန်ယူရမယ် ။ ဒါ ငါ့အမိန့်ပဲ"

သိပ်ဖြောင့်တဲ့ CRUSH ကြီးလည်း ကွေးရမည် [ Completed] Where stories live. Discover now