အပိုင်း ၁

4.5K 143 2
                                    

တောင်ပြာတန်းကို ငေးမောကြည့်ရင်း အိမ်ဧည့်ခန်းမှာထိုင်နေမည့် သူ၏ ပူပူနွေးနွေးသတို့သမီးကိုတွေးရင်း ရင်ပူလာမိသည်။ ကျေးဇူးတရားဟူသည် အတော်လေး လေးလံ၏။ အိမ်အကူ၏သားဖြစ်သူကို ပညာတွေတတ်အောင်သင်ပေးပြီး လူလားမြောက်လို့အရွယ်ရောက်သည်နှင့် သမီးနှင့်လက်ဆက်ပေးသည့် ကျေးဇူးခံ ကျေးဇူးကြွေးတွေက ခေတ်မကုန်လေရော့သလား။

ယူပြီးမှတော့ အိမ်ထောင်တစ်ခုကို တည်ဆောက်ရ​တော့မှာပေါ့။ မျက်နှာချိုချို ခပ်အေးအေးအမျိုးသမီးကို သူ့လက်ထဲ ဘာကြောင့်ထည့်ပေးလိုက်ရသလဲဆိုတော့ ထိုအမျိုးသမီးငယ်က စကားမပြောတတ်သော အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့၏။ ငယ်စဥ္ကတည်းက စကားမပြောတတ်၍ ကျောင်းတက်ဖို့လွှတ်တိုင်း ရှက်သည်ဟူသောအကြောင်းပြချက်ဖြင့် ပညာလည်းမယ်မယ်ရရမသင်ခဲ့ဖူးသော ထိုအမျိုးသမီးအတွက် သူ့ကိုခင်ပွန်းကောင်းတစ်ယောက်ဖြစ်စေရန် လက်သပ်မွေးခဲ့သည်ဟု ဆိုရမလားလေ။

မိန်းကလေးပီသပြီး အေးဆေးသည်ကလွဲလျှင် ထိုအမျိုးသမီးသည် ဘာမှမဝင်ဆံ့သော လူတစ်ယောက်သက်သက်သာ။ သူ့ထက်အသက်၆နှစ်လောက်ကြီးသည့်ထိုအမျိုးသမီးသည် သူနှင့်ယှဉ္ကာရပ်နေပါက ဇနီးမောင်နှံနှစ်ယောက်နှင့် လုံးဝတူ။ သူ့လို ညိုညိုပုပုကောင်ကလေးတစ်ယောက်နှင့် ဖြူဖြူဖွေးဖွေး လှယဉ္ကျေးအမျိုးသမီးက ကျီးကန်းကဘဲဥချီလာသကဲ့သို့ပင်။

ယခုတော့ သူနှင့်ထိုအမျိုးသမီး လက်ထပ်ခဲ့ရပြီ။ အိမ်ရှေ့ခန်းမှာထိုင်နေသေးဆဲ အမျိုးသမီးက သူ့ကိုမြင်သည်နှင့် မက်တပ်ရပ်ကာပြုံးပြလာ၏။ ထိုထိုချိုသာသောအပြုံးတို့ကို သူမြင်နေရသော်လည်း သူ့ရင်ထဲမှာတော့မချိလှပါ။ သူ့အတွက်တော့ ထိုအပြုံးတွေသည် သကာရည်လူးထားသည့် ဓားတစ်လက်လို။

" ထမင်းချက်တတ်ရင် ကျုပ်အဖို့ ချက်ပေးစမ်းပါလား မမြပို "

" ... "

ခေါင်းကိုတဆတ်ဆတ်ညိတ်ရင်း မီးဖိုခန်းဆီပြေးသွားသည့် အလှပဂေးကိုမြင်လေ သူရင်နာလေ။ မင်္ဂလာပွဲမဖြစ်မြောက်ခင်ကရော ဖြစ်မြောက်ပြီးသည့်အချိန်အထိ သူ့အတွက်ရခဲ့သော မင်္ဂလာလက်ဖွဲ့တွေက ပြန်ပြော၍ပင်မကောင်းသော စကားများပင်။

သူ​ေဋ္ဌးသမီးကိုယူသည်။ သူ​ေဋ္ဌးသားမက်ဖြစ်လာသည်။ ဆွံ့အနေသော သူ​ေဋ္ဌးသမီးနှင့် ပညာတတ်အိမ်ဖော်သား။ ထပ်ကာချဲ့ကားပြောရလျှင် ဘနဖူးသိုက်တူးသည့် လူလည်ပတ်ကား။

ဘဝမှာပညာကိုလောဘတက်ခဲ့သမျှ သူ့အပေါ်ချွန်းအုပ်လာသည့် ကျေးဇူးတရားတွေက သူ့ကို လူယဥ္ကျေးတစ်ယောက်ဘဝကနေ တစ်ဆစ်ချိုးပြောင်းလိုက်လေ​ြပီလား။

သူထိုင်နေတာဘယ်လောက်ကြာသွားသလဲမသိ။ သူ့ပုခုံးပေါ်ကျရောက်လာသော တံဘတ်တစ်ထည်နှင့် သူ့ထံကမ်းပေးလာသော ပုဆိုးတစ်ထည်။ နေညိုရယ်လည်းရီပြီ။ ချွေးစစစို့နေသော အလှပဂေးက သူ့အား ပြုံးကာစိုက်ကြည့်နေ၏။

" ထမင်းကျက်​ြပီလား "

ခေါင်းညိတ်လာသော အမျိုးသမီး၏လက်ကိုဆွဲကာ အိပ်ခန်းဆီ ဆွဲခေါ်ခဲ့မိသည်။ လင်ရယ်မယားရယ်ဖြစ်ပြီဆို လင်ခန်းမယားခန်းတော့ ကမှပေါ့။

..................................................

17:25
04/11/2020
မိတ်ဆက်မို့ တိုပါ၏။
update ကျဲပါးမည်ဖြစ်ကြောင်း အသိပေးအပ်ပါ၏။

လွမ်းပို(Completed)Where stories live. Discover now