ရွှယ်ဝူဝေ့ ( ရွှယ်ဝူဝေ့ )

1.6K 188 7
                                    

အဲ့နေကစပြီး ညဖက်ဆို ချန်းရှင်းနဲ့ အချစ်တိုက်ပွဲ ဆင်နွဲပြီး မနက်ကျရင် နီကွန်းက သူကို သက်သာအောင်ပြန်လုပ်ပေးနဲ့ ဟုတ်တော့ ဟုတ်နေတာဘဲ မနက်ဘက် ချန်းရှင်း ညီလာခံသွားတဲ့ အချိန်တွေဆို အပြင်ခိုးထွက်ဖို့ ယင်းနဲ့ ယွဲ့နဲ့ ကို ပတ်ပြေး မရရင် ရင်တိုက် ချန်းရှင်းပြန်လာခါနီးရင် အဆောင်ကိုတန်းပြေး။ မပြေးလို့မရဘူး တစ်ခေါက်က ချန်းရှင်းညီလာခံသွားနေတုန်း အခုလိုခိုးထွက်တာ ယင်း ယွဲ့နဲ့ ချနေတုန်း ချန်းရှင်းဖမ်းတာခံလိုက်ရတာကြောင့် အဲ့နေက နေ့လည်စာကော ညစာကော ငတ်ပြီး ခံလိုက်ရတာ အဲ့တာကြောင့် အခုချန်းရှင်းပြန်လာခါနီးရင်သူအဆောင်ကိုပြန် ပြေးပြီ။

သိပ်မကြာခင်မှာဘဲ ဘုရင်က ကွယ်လွန်သွားတာကြောင့် ချန်းရှင်းကဘုရင်ဖြစ်လာခဲ့သည်။ ချန်းရှင်းနန်းတက်ပွဲလုပ်ချိန်မှာဘဲ သူနဲ့ လက်ထပ်ပွဲကိုလည်း တစ်ခါထဲ ကျင်းပသည်။ နောက်နေ့ နန်တော်ထဲညီလာခံလုပ်တော့ ရောက်လာတဲ့ အမတ်‌တွေအံ့ဩသွားတယ် ဘာလိုဆို ညီလာခံ ခန်းမထဲမှာ အမတ်တွေကို ထိုင်ဖို့နေရာတွေ စီစဉ်‌ပေးထားပြီး စား‌သောက်ပွဲတွေလည်း ပြင်စင်ပေးထားတာကြောင့် အမတ်တွေရင်ထဲ ချန်းရှင်းကို ချီးကျူးနေကြသည် ဘာလိုဆို သူတို့ကအရင်ဘုရင်တွေ လက်ထပ်ကထည်းက ညီလာခံတက်တဲ့ အချိန်အကုန်လုံး မတ်တက်ရပ်နေခဲ့ရသည် အခုလို ချန်းရှင်းက သူတို့အတွက် ထိုင်ဖို့နေရာနဲ့ စားသောက်စရာ အနည်းငယ်ပါပြင်ပေးထားတော့ သူတို့ အရမ်းပျော်နေမိသည် တချိုဆိုအပျော်လွန်ပြီး မျက်ရည်ပါ ကျကြသေးသည်

ညီလာခံတံခါးစောင့်က ဘုရင်ကြွချီလာပြီလို့ ပြောတာကြောင့် အမတ်တွေ သူတို့ရဲ့ ဘုရင်အသစ်ကို နှုတ်ဆက်ဖို့ တန်းစီလိုက်ကြပြီး သူတို့ရဲ့ ရင်ထဲမှာ သူတို့ကို ထိုင်ဖို့နေရာပြင်ပေးတာကြောင့် ကျေးဇူးတင်စကားပြောဖို့ မစောင့်နိုင်အောင်ဖြစ်နေကြသည်

သူတို့ဘုရင်လည်းဝင်လာကော သူတို့က အားရဝမ်းသာစွာ

"အရှင်းမင်းကြီး သက်တော်ရာကျော်ရှည်ပါစေ တိုင်းပြည်စည်ပင်ဝပြောအောင် ဆောင်ရွက်နိုင်ပါစေ "

As like a systemWhere stories live. Discover now