ဟိန်းဆက်နိုင် ( ဟိန်းဆက်နိုင် )

1.3K 178 10
                                    

နောက်ကျသွားလို့ ဆောတီးပါ
အဲ့ပေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ် 🥰🥰🥰

*********

ဒီကမ္ဘာရဲ့ သားတော် ဇာတ်လိုက် မာန်ပြည့်ဝ က မာန် မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်သည် မာန် မိသားစုဆိုတာ ရန်ကုန်လို စီးပွားရေးမြို့တော်ကြီမှာ အိမ်ယာ၊ ကွန်ဒို၊ စိန်ကျောက် စတဲ့လုပ်ငန်းပေါင်းစုံပိုင်ဆိုင်ပြီး ပြည်ပမှာလည်း မာန်ကောပိုရေးရှင်းတွေ တိုးချဲ့နိုင်တဲ့ မြို့ရဲ့ဒုတိယ အချမ်းသာဆုံးမိသားစုပေါ့ ဒါပင်မဲ့ မာန်ပြည့်ဝမွေးလာပြီး အသက်နှစ်ဆယ်ရောက်တော့ သူက သူတို့မိသားစု က အခုလိုဒုတိယအချမ်းသာဆုံးဖြစ်ရတာကို မကျေနပ်ဘူး သူတို့ထက်ချမ်းသာတဲ့ ဟိန်းမိသားစုကို နည်းလမ်းအမျိုးမျိုးနဲ့ ယှဉ်ပြိုင်ခဲ့သည်။ ဟိန်းမိသားစုလို့သာပြောတာ တကယ်တော့ ဟိန်းမိသားစုမှာ ဟိန်းဆက်နိုင်နဲ့ မာန်ပြည့်ဝ လို အသက်နှစ်ဆယ်လူငယ်တစ်ယောက်သာရှိသည်။ အဲ့လိုလူနှစ်ယောက်သာရှိတဲ့ မိသားစုကို သူဘယ်လိုမှာ မယှဉ်နိုင်တာကြောင့် မာန်ပြည့်ဝ မခံမရပ်နိုင်ဖြစ်ရသည်။ မာန်ပြည့်ဝ ရဲ့စိတ်ဓာတ်ကျနေချိန် ဒီကမ္ဘာရဲ့သမီးတော် ဇာတ်လိုက်မ မိုးစက်မှုန်က ဘေးကနေဖေးမပေးခဲ့ရင်း နောက်ဆုံး ဟိန်းမိသားစုကို အလဲထိုးနိုင်ကာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ ညားသွားပါတယ်ဆိုတဲ့ အဲဗားအဲဗား ဖောလ်အဲဗား သောက်မြင်ကပ်စရာ ဟက်ပီး အီးဒင်းကြီးပေါ့

သူကတော့ ဘယ်သူဖြစ်မယ်ဆိုတာ ခင်ဗျားတို့ တွေးမိကြမှာပါ။ ဟုတ်ပါတယ် သူကတော့ ဟိန်းဆက်နိုင်ကြီးပါဗျာ ဟိန်ဆက်နိုင်ကြီး အကြောင်းပြောရမယ်ဆိုရင်တော့ ကိုးတန်းမတက်ခင်မှာ ဟိန်းဆက်နိုင်တို့မိသားစုလိုက်က ပြည်ပကိုပြောင်းသွားကြတယ် သူအသက်နှစ်ဆယ်ရောက်တော့ သူရဲ့နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကိုပြန်လာခဲ့တယ် ဘာလို့ဆို မြန်မာနိုင်ငံမှာ သူငယ်ငယ်ထဲကကြိတ် ချစ်ခဲ့ရတဲ့ မိန်းကလေးရှိတယ်လေ အဲ့တော့ သူပြန်လာတာပေါ့ သူမြန်မာနိုင်ငံကို လည်းပြန်ရောက်ကော လက်ဆောင်‌ပေါင်းများစွာနဲ့ ကြိုဆိုကိုခံလိုက်ရသည်။ လက်ဆောင်တွေက ဘာတွေထင်လို့လဲ သူ ကောင်မလေးနဲ့ ပတ်သက်တဲ့အကြောင်းတွေပေါ့ သူကြိတ်ချစ်ခဲ့ရတဲ့ ကောင်မလေးက ငယ်ငယ်ထဲက သဘောတူထားတဲ့သူရှိတယ် ပြီတော့ သူ့‌ကောင်မလေးနဲ့ အဲ့သ‌ဘောတူထားတဲ့ ကောင်‌လေးနဲ့က သူနိုင်ငံခြား ပြောင်းသွားချိန်မှာ ပိကျိပိကျိတွေ ဖြစ်ပြီး ဆယ်တန်း မတက်ခင် ကလေးမွေး ပြီးတော့ တက္ကသိုလ်ဆက်တက် အခု တက္ကသိုလ်လည်းပြီးကော မိသားစုလိုက် ဟန်းနီးမွန်းထွက်ကြရင် လမ်းမှာ ကားတိုက်ပြီး သူတို့ရဲ့ ခြောက်နှစ်သားကလေးဘဲ အသက်ရှင်ကျန်ခဲ့တယ် ကောင်မလေးပေါ်အချစ်ကြီးတဲ့ ဟိန်းဆက်နိုင်က အဲ့ကလေးကို မွေးစားခဲ့တယ်။

As like a systemWhere stories live. Discover now