Part(21)

4.6K 378 0
                                    


ယွီးးးးးးးးးးး
"အားချင်ရောက်ပြီဈေးကို"
"ဟုတ်အကိုယိ့ဖန်"
အသင့်ရောက်နေသောချင်းစူးကိုပါခေါ်ကာ
" အကိုယိ့ဖန်ဒီမှာခနစောင့်နေနော်
ကျွန်တော်မှာစရာရှိလို့"
အားချင်အရင်ဦးဆုံးသွားမိတာကမွန်ဂိုလူမျိုးကုန်
သည်ရှိရာ" နတ်ပန်းလွှာ"ကုန်စည်ဌာန...
"ဝေ​  ဒီဗျပ်စောင်းလေးဘယ်လောက်လဲ"
"သခင်လေးကမြင်တတ်လိုက်တာဒါကျောက်စိမ်း
အစစ်တွေမြုပ်ထားတ့ဲစောင်းပါ"
အားချင်ကုန်သည်အားသတင်းပို့ခိုင်းပြီးနောက်
စောင့်နေစဉ်ဘာရယ်မဟုတ်တစ်ဖက်မှကျောက်စိမ်း
ဗျပ်စောင်းဆိုသောကြောင့်လှည့်ကြည့်မိသည်။
ဟင်... ဒါကျောက်စိမ်းတွေမှမဟုတ်တာ​ ပယင်းတွေကို
ဟိုလူအလိမ်မိတော့မှာဘဲ။
" အဟမ်း​  ဒီကမိတ်ဆွေကျောက်စိမ်းဆိုတာသေချာ
ရဲ့လားအရောင်ကပယင်းဘက်ပါနေတယ်နော်
ပြီးတော့.... ခနတီးကြည့်လို့ရမလားစမ်းကြည့်
ချင်လို့"
ကျင်းစီယွမ်ဘေးမှကောင်လေးအားကြည့်မိသည်။
သူလဲသိတယ်ပယင်းဘက်ပါနေတယ်ညာရောင်းနေ
တယ်ဆိုတာ​ဒါပေမ့ဲဒီကောင်လေးတတ်တတ်တတ်တတ်
န့ဲဝင်ပြောနေတာကိုတငေးတမော
ကြည့်ချင်၍ သာငြိမ်နေခြင်းပင်။
" ရမလားအကို"
" ရ​ ရတာပေါ့စမ်းကြည့်ပါ"
ထိုကောင်လေးတစ်ချက်ပြုံးကာစတင်တီးခတ်လိုက်
ချိန်ဖယောင်းသွယ်လိုပျော့ပျောင်းတ့ဲလက်ကလေးတွေ
ကြိုးကိုလှုပ်ခတ်သွားတာကြည့်ပြီးသူ့နှလုံးသားပါ
တုန်ခါသွားလေပြီ။။။
"ကြိုးလည်းလျော့နေတယ်ရော်....ဒီကအကိုမဝယ်သင့်ဘူးဒီဟာထက်အရည်သွေးမြင့်တာရှာသင့်တယ်"
" သခင်လေးခေါင်းဆောင်​ န့ဲတွေ့လို့ရပါပြီ"
"အင်းကောင်းပြီ​ ငါလာခ့ဲမယ်"
"ခွင့်ပြုပါဦး"
"ခဏ  ခဏလေး​  ကျေးဇူးတင်ပါတယ်ဗျာအခုလို
ကူညီတာ​ အပန်းမကြီးရင်နာမည်သိခွင့်ရှိမလား
ဒီကညီလေး"
" ရှောင်ချင်.... လျိုရှောင်ချင်"
ထိုစကားကြားသောအခါညာရောင်းနေသော
ဆိုင်ရှင်မှာသွေးမရှိတော့သဖွယ်မျက်နှာဖြူစုပ်
သွားလေသည်။ တိုင်းပြည် ဧကရီန့ဲမှတည့်တည့်တိုး
ရတယ်လို့။ အခုလေးတင်ကျိန်ဆဲနေတာစိတ်ထဲကနေ။
မင်းကြီးသာသိရင်ငါခေါင်းပြုတ်တော့မှာဘဲ။

ထိုစဉ်အားချင်ရင်ထဲတမျိုးဖြစ်လာလေသည်။ ခေါင်းတစ်ချက်လောက်ယမ်းလိုက်မိကာ
ဆက်သွားမိသော်လဲမဟန်နိုင်သောကြောင့် ပစ်လဲကျသွားရတော့သည်။
စီယွမ်လဲကျလာသောခန္ဓာကိုယ်
လေးအားအသာထိန်းကာ
ပွေ့လိုက်သည်။
 "သမားတော်အမြန်ခေါ်!!"
"ဟုတ်က့ဲ"
နောက်မှပါလာသောကိုယ်ရံတော်အားသမား
တော်ပင့်ခိုင်းကာကုန်သည်ခေါင်းဆောင်အခန်း
သို့ခေါ်ဆောင်သွားလိုက်သည်။
"မင်းသား"
" ခေါင်းဆောင်အခန်းခဏသုံးပါရစေ"
"ရ​ ရပါတယ်"
ဘာမပြောညာမပြောတွန်းဖွင့်ကာဇွတ်ဝင်သွားတော့
ခေါင်းဆောင်ကကြောင်အအ။။
"တစိတ်လောက်ရှင့်​ အ့ဲဒီ့လူကဘယ်သူများလဲရှင်"
အားလန်မသင်ငှာစွာမေးမိသည်။
"ကျွန်မတို့မွန်ဂိုအိမ်ရှေ့စံမင်းသားပါ"
အားလန်ပါးစပ်လေးဟခါဘာမျှမပြောနိုင်တော့။
ထို့နောက်သမားတော်ရောက်လာကာစမ်းသပ်
တော့သည်။
"ဂုဏ်ယူပါတယ်​ ဒီလူငယ်မှာရင်သွေးရှိနေပါပြီ"
စီယွမ်မျက်လုံးပြူးသွားမိသည်။ယောကျာ်းလေးကလေ။
"ရှင်​  တကယ်ပြောတာပါနော်ဆရာ"
သမားတော်ပြုံးကာခေါင်းညိမ့်ပြတော့အားလန်
ထခုန်လိုက်မိသည်။
အမလေးငါတို့မင်းသားလေးနန်းဦး
ကိုလွယ်လိုက်ရပြီဟိုမိဖုရားအယုတ်တမာမဘာတတ်
နိုင်သေးလဲငါပျော်လိုက်တာဟ့ဲ။
အကိုယိ့ဖန်တို့ရောက်လာတော့အိမ်ရှေ့စံဆိုသောသူ
အပြင်ထွက်သွားလေသည်။
"အားလန်​  ဘာဖြစ်တာလဲ​ သေချာဂရုမစိုက်
ဘူးလား​ အားချင်လေးကို"
ဘေးမှဂျုံရှစ်ရောအားလန်ပါယိဖန်ကိုမျက်စောင်း
ထိုးလိုက်ကြသည်။
"ဘာမှမဖြစ်ပါဘူးကိုယ်ဝန်ကြောင့်မေ့လဲသွားတာ။"
"ဘာ​"
"ဘယ်လို"
၂ယောက်လုံးမျက်လုံးကြီးတွေပြူးကာ
ထပ်မေးလိုက်မိသည်။
အားလန်ကအားချင်လှဲနေသောကုတင်ဘေးနား
သွားထိုင်ကာဆံပင်လေးတွေသပ်တင်ပေးရင်း
ထပ်ပြောလိုက်သည်။
"မင်းသားလေးနန်းဦးလွယ်ထားရတယ်လို့
အမြန်ဆုံးနန်းတွင်းပြန်ရအောင်​  မင်းကြီးသိရင်
ဘယ်လောက်ပျော်လိုက်မလဲ​"
....
...
...
"မင်း​  မင်းကြီး"
"ပြောစေ"
"ဧကရီပြန်ရောက်နေပါပြီ"
"မွန်းတည့်ဘဲရှိသေးတယ်ပြန်ရောက်ပြီလား
တူရိယာတွေအကြိုက်မတွေ့လို့များလား"
"ပြီးတော့​ ဟို​  ဟို"
" လျှောက်စမ်းပါအထိန်းတော်ကြီးရယ်"
" ဧကရီသတိလစ်မေ့မျောနေပါတယ်"
" ဘာ"

ချစ်သောအရှင်Season(1)CompletedWhere stories live. Discover now