[Unicode]
"ကိုကြီး အပန်းဖြေဥယျာဥ်ကိုလိုက်ပို့မယ်လို့အရင်ကပြောထားတယ်မဟုတ်ဘူးလား?"
"နောက်မှလိုက်ပို့တော့မယ်"
ရှန်းဂျင်သည်ပြတင်းပေါက်ဘေးတွင်ထိုင်ပြီး စာအုပ်ကိုပေါင်ပေါ်တင်လိုက်၏။ရှန်းယို့ယို့သည်မကျေနပ်စွာနှုတ်ခမ်းစူလိုက်၏။အရင်ရက်အနည်းငယ်ကသဘောတူထားခဲ့သော်လည်း နောက်ဆုံးတွင် အခြေအနေကယနေ့ချက်ခြင်းပြောင်းလဲသွား၏။
စတော်ဘယ်ရီသီးမှည့်များက ပြတင်းပေါက်ဘောင်ပေါ်မှ ပန်းအိုးထဲတွင် တွဲလဲခိုနေပြီး နီသွေးသွမ်းကာ ဆွတ်ယူခံရရန်စောင့်မျှော်နေ၏။
စတော်ဘယ်ရီများကိုမြင်ပြီးသည့်နောက်တွင် ရှန်းယို့ယို့သည်ဆက်လက်မကျေမနပ်ညည်းညူ၏။စတော်ဘယ်ရီသီးများအနီရောင်ပြောင်းလာသည်နှင့် စား၍ရသည်ဟု အရင်ကရှင်းရှင်းလင်းလင်းသဘောတူထားခဲ့သည်။ရလဒ်အနေနှင့် ရက်အတော်ကြာစောင့်ဆိုင်းခဲ့ရပြီးနောက်ဆုံးတွင် ပထမဆုံးစတော်ဘယ်ရီသီးကရင့်မှည့်လာ၏။သို့သော် သူမ၏ကိုကြီးပြောသောစကားများကမယုံကြည်ရပေ!
ထိုမျှပင်မကသေး အပန်းဖြေဥယျာဥ်ဖွင့်လျှင်လိုက်ပို့မည်ဟုတစ်လောကပြောခဲ့၏။ဤနေ့ကိုရောက်ရန် လက်ချိုးရေပြီး ခက်ခက်ခဲခဲစောင့်ခဲ့ရသော်လည်း သူမ၏ကိုကြီးက မသွားတော့ကြောင်းပြောလာ၏။
ရှန်းယို့ယို့သည်ရှန်းဂျင်၏ရှေ့သို့သွားပြီး ဟွန့်ခနဲအသံပြု၏။စားပွဲကိုတစ်ပတ်ပတ်လိုက်ပြီး ရှန်းဂျင်ရှေ့သို့ပြန်ရောက်သည့်အခါ နောက်ထပ်ဟွန့်ခနဲအသံပြုပြန်၏။
ရှန်းဂျင်သည်မျက်တောင်ပင်ပင့်မလာဘဲ လက်ထဲမှစာအုပ်ကိုဆက်ဖတ်နေ၏။
ဤအကြိမ်တွင် ရှန့်ယို့ယို့၏ 'ဟွန့်' ကပို၍ပင်ကျယ်လောင်လာပြီး လက်ပိုက်ထား၏။ရှန်းဂျင်ကိုမျက်လုံးထောင့်မှအဆက်မပြတ်စောင်းကြည့်နေပြီး ရှန်းဂျင်ကသူမကိုကြည့်မနေကြောင်းမြင်လိုက်ရ၏။သူမကလက်ကိုတွန်းချလိုက်ပြီး ရှန်းဂျင်ကပြန်မတင်လိုက်သည်။ရှန်းယို့ယို့သည် ချက်ချင်းလက်ပိုက်လိုက်ပြီး အလွန်ဒေါသထွက်နေသယောင်ဆောင်လိုက်သော်လည်း ရှန်းဂျင်သည်စာအုပ်ထဲမှစာမျက်နှာတစ်ရွက်ကိုသာလှန်လိုက်၏။
YOU ARE READING
လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]
RomanceOriginal Author-飞奔的小蜗牛 (ပြေးနေသောခရုငယ်လေး) Original Publisher-jjwxc 70Chapters+5extras Eng translator-Mosstree Eng tran link is here https://www.novelupdates.com/series/everyone-thinks-that-i-like-him/ I'm not a professional so if what original...
![လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]](https://img.wattpad.com/cover/228090884-64-k195636.jpg)