Part-2☯

6.4K 535 6
                                    

(Unicode)

"အရှင်...မလုပ်ပါနဲ့ရိ​ေပါ်တောင်းပန်ပါတယ်...အားး..."

"ရိပေါ်...ရိပေါ် သတိထားဦးလေ...နိုးလာပြီလား..."

ရိ​ေပါ်တစ်ယောက်လူတကိုယ်လုံးချွေးတွေရွှဲနစ်ကာအိမ်မက်ဆိုးတဖြစ်လည်းအတိတ်ကနိုးထလာခဲ့တယ်။

"ရိပေါ်...ရော့ ရေသောက်လိုက်အဆင်ပြေရဲ့လား..."

မုန့်ယောင်ကအသက်ကိုမနည်းဝအောင်ရှူရင်းအမောဖြေနေတဲ့ရိ​ေပါ်ကျောပြင်လေးကိုပွတ်ပေးရင်းဘေးနားကရေကရားထဲကရေအနည်းငယ်ငှဲ့ကာကမ်းပေးရင်းပြောတယ်။ရိ​ေပါ်ရေတမုတ်ကိုအငမ်းမရသောက်လိုက်သည့်တိုင်သူရင်ထဲမှာပူလောင်နေဆဲ။အသက်ကိုဖြေးဖြေးမှန်မှန်ရှူလိုက်ရင်း

"အင်း...ရိ​ေပါ်အဆင်ပြေပါတယ် ရိ​ေပါ်ဘယ်လောက်ထိတောင်အိပ်ပျော်သွားတာလဲ မုန့်ယောင်..."

"အင်း...တစ်ရက်လောက်ရှိပြီရိပေါ်...ဒါနဲ့ရိ​ေပါ်ဘာလို့ရုတ်တရက်ကြီးအဲ့လိုဖြစ်သွားရတာလဲ... နောင်တော်ဖြစ်လန့်သွားတာပဲ..."

"ဒီလိုပါပဲ...ရိပေါ်အတွက်ဒါကမထူးဆန်းတော့ပါဘူး...မုန့်ယောက်ခမည်းတော်နဲ့အကိုတော်ရောမတွေ့မိပါလား..."

"အာ...ဦးရီးတော်နဲ့အကိုတော်ရှီးချန်က ခမည်းတော်နဲ့အတူစစ်မြေပြင်ကိုထွက်သွားကြတယ်ရိပေါ်..."

"ဘာ!...မဖြစ်ဘူး..."

"ဟာ...ရိ​ေပါ်ဘယ်လဲ...မသွားနဲ့လေ...ဟာ ရိပေါ်..."

မုန့်ယောင်တားဆီးနေသည့်ကြားမှရိ​ေပါ်ကကိုယ်ပေါ်ကစောင်ကိုဆွဲဖယ်ကာအတင်းကုန်းရုန်းထတော့သည်။ထောက်တိုင်မှာလွှားထားတဲ့ဝတ်ရုံဖြူကိုကိုယ်ပေါ်အလျင်အမြန်လွှမ်းခြုံလိုက်ကာအိပ်ဆောင်အပြင်ကိုထွက်ဖို့လုပ်တော့မုန့်ယောင်မှာမနေသာတော့တာကြောင့်ရိ​ေပါ်ကိုလက်တကာကာနဲ့တားရတော့သည်။

"ရိပေါ်...နေကောင်းသေးတာလဲမဟုတ်ပဲနဲ့ နားနားနေနေနေပါလား ဘယ်ကိုသွားဖို့လုပ်နေတာလဲ..."

"ခမည်းတော်တို့စီလိုက်သွားဖို့မုန့်ယောင်...စိတ်မပူပါနဲ့ရိ​ေပါ်အကိုတော်တို့ကိုသွားပြန်ခေါ်မှဖြစ်မှာမို့..."

ရမ္မက်လွန်ကွန်ရက်[Complete]Where stories live. Discover now