Part-11☯

5.5K 435 17
                                    

(Unicode)

ရမ္မက်လွန် ကွန်ရက်
••••••••••••••••

တချို့က ဒဏ္ဍာရီ လို့ထင်မှတ်ကြပေမဲ့အတိတ်ကြောင်းတွေတရိပ်ရိပ်ပေါ်လာသည့်ရှောင်းကျန့်မှတ်ဉာဏ်တို့ကအစစ်အမှန်ဖြစ်ကြောင်းသက်သေပြနေကြလေရဲ့။

ရှောင်းကျန့်စားပွဲပေါ်ကပြီးဆုံးသည့်တိုင်ဖတ်ပြီးပြီဖြစ်တဲ့ ဒဏ္ဍာရီစာအုပ်လေးကိုချိတ်ပိတ်လိုက်ရင်းသက်ပြင်းရှည်ကြီးချမိတယ်။

"အတွင်းတော်ယန်မင်...ဒါတွေကတကယ်ပဲကိုယ်တော်နဲ့ရိပေါ်ရဲ့အတိတ်ကဖြစ်ရပ်တွေလား..."

"ဟုတ်မှန်ကြောင်းပါအရှင်...ဒီစာအုပ်ကိုကျွန်တော်မျိုးဘိုးဘေးတွေလက်ထက်ကတည်းကသမိုင်းကြောင်းတတခုအဖြစ်ပြုစုခဲ့ကြတာပါ..."

"ဒါကြောင့်ကိုး...ရိပေါ်ကိုယ်တော့်ကိုမုန်းနေတာ...ဖြစ်သင့်ပါတယ်လေအတိတ်ကကိုယ်တော့်လုပ်ရပ်တွေကရိပေါ်အတွက်ဘာတခုမှကောင်းတာမရှိခဲ့တာ..."

ဧကရာဇ်၏ဆွေးဆွေးမြေ့မြေ့အပြောကိုအတွင်းတော်ယန်မင်ဖြေသိမ့်ပေးဖို့ရာမတက်သာပေ။တကယ်လဲအတိတ်ကဧကရာဇ်ကသခင်လေးအဖို့သိပ်ကြောက်ဖို့ကောင်းခဲ့တာကိုး။

"ဧကရာဇ်သခင်လေးကိုချင်တိုင်းပြည်ကိုပြန်ပို့မှာလား..."

အတွင်းတော်ယန်မင်အမေးကိုရှောင်းကျန့်ခတ္တစဥ်းစားဟန်ပြုပြီးမှ

"ဘယ်တော့မှပဲ...ကိုယ်တော်အဲ့လိုမလုပ်နိုင်ဘူး တခြားအရာတွေပြောင်းလဲသွားနိုင်ပေမဲ့ ရိပေါ်ကကိုယ်တော့်အပိုင်ဆိုတာကိုတော့ကိုယ်တော်ကိုယ်တိုင်လည်းမပြောင်းပေးလဲနိုင်ဘူး...ဒီဘဝလည်းရိပေါ်ကဧကရာဇ်ရှောင်းကျန့်ရဲ့ကြင်ယာတော်ဖြစ်လာရမယ်..."

ပြုံးတယ်၊ဧကရာဇ်ရဲ့ပထဦးဆုံးသောနူးညံ့သည့်အပြုံး။သေချာသည်ဧကရာဇ်အချစ်ကတက်မက်မှုကင်းလေပြီ။

                ***********

"အထိန်းတော်ယွီဘာလို့ကျွန်တော့်ကိုရေချိုးဆောင်ခေါ်လာရတာလဲ..."

"သခင်လေးခန္ဓာကိုယ်ကဒဏ်ရာတွေသက်သာစေဖို့ဧကရာဇ်ကဆေးမြစ်တွေနဲ့ရေချိုးပေးရမယ်ဆိုလို့ပါသခင်လေး..."

ရမ္မက်လွန်ကွန်ရက်[Complete]Where stories live. Discover now