Disclaimer and Intro

5K 307 4
                                    

Description

သူတို့ ပထမဆုံးအကြိမ်​ဆုံစဉ်​က သူဟာ အနှိမ်​ခံရသော မင်းသားတစ်​ပါး။ လူတိုင်း၏ အနိုင်​ကျင့်​ခြင်းခံရသူ။ သူမကတော့ နန်းတော်​တွင်းက လူအများ၏ အဝတ်​အစားလျှော်​ဖွတ်​ပေးရသော အစေခံငယ်​ကလေး။

နှစ်​ပေါင်းနှစ်​ဆယ်​ကြာ တူယှဉ်​ရှိနေခဲ့မှု။
ဤအချိန်​ကာလတွင်း သူ တစ်​ယောက်​သာ သူမ၏ ခံစားချက်​များကို လွှမ်းမိုးနိုင်​သည်​။ လှုပ်​ခါနိုင်​သည်​။ သူ့အတွက်​သာဆို သူမ လက်​တွေမှာ မရေမတွက်​နိုင်​သော သူတို့၏ သွေးများ စွန်းချင်​လည်း စွန်းပါစေလေ။ ဤလောကကို သူ အုပ်​စိုးနိုင်​ဖို့ သူမ ကူညီပေးသွားမည်​။

သူမက သူ ချစ်​ရသူ မဟုတ်​ခဲ့သော်​လည်း. . .
သူမက သူ လက်​ထပ်​ယူခဲ့သူ မဟုတ်​ခဲ့ပါသော်​လည်း...
သူမ သူ့အနား ဆက်​နေခွင့်​ရရန်​ ကြိုးစားခဲ့သည်​။ သူ ညီလာခံ ကျင်းပချိန်​ သူ့အနားမှာ ရပ်​နေခွင့်​ရသော တစ်​ဦးတည်းသော အမျိုးသမီးဖြစ်​ရဖို့၊ သူ့ မောင်းမဆောင်​က တစ်​ဦးတည်းသော အမျိုးသမီးဖြစ်​ရဖို့ သူမ ရည်​ရွယ်​ခဲ့သည်​။
သူမ၏ ကြိုးပမ်းအားထုတ်​မှုတွေကြောင့်​ တစ်​လောကလုံးက သူမကို ရှုတ်​ချ မုန်းတီးကြမည်​ဆိုလျင်​တောင်​မှပေါ့။

သို့ရာတွင်​ သူမ သိပ်​ချစ်​ရပါသော သူ. . .
သူ့အတွက်​ သူမ အရာရာကို စွန့်​လွှတ်​၍ လက်​တို့ သွေးအစွန်းခံပြီး မတရားသော အမှုတို့ကို လုပ်​ပေးခဲ့ရသည်​။ သို့ပေလျက်​ -
သူက သူမကို သေစေချင်​ခဲ့သည်​။

သူ ပြောခဲ့သည်​။ "ဒီဘဝမှာ ငါ မင်းကို ထပ်​မတွေ့ချင်​တော့ဘူး...!"

သူမ သူ့ဆီ ပြန်​လာခဲ့သည်​။ တစ္ဆေဝိဉာဉ်​အဖြစ်​နှင့်​ ပြန်​လာခဲ့သည်​။
သူ သူမကို တောင်းပန်​ခဲ့သည်​။ အတူတူရှိခွင့်​ နောက်​တစ်​ဘဝကို သူ တောင်းဆိုခဲ့သည်​။

သူမ ပြောခဲ့သည်​။ "ငါတို့ နောက်​တစ်​ဘဝ အတူပြန်​ဆုံကြမယ်​ဆိုရင်​ နင်​ ငါ့ကို ငယ်​ငယ်​လေးကတည်းက ချစ်​ရမယ်​ လေးစားရမယ်​... ငါ့လမ်းမှာ ပိတ်​နေသမျှ ခလုတ်​ကန်​သင်းတွေ နင်​ ဖယ်​ရှားပေးရမယ်​... ငါ တခြားလူတစ်​ယောက်​ကို ချစ်​မိသွားတာ... အခြားတစ်​ယောက်​ကို လက်​ထပ်​ယူသွားတာတွေ နင်​ဒီအတိုင်း ကြည့်​နေစေရမယ်​... - ဒါပေမယ့်​ ငါ ချစ်​ ငါ လက်​ထပ်​မယ့်​သူက နင်​ မဟုတ်​စေရဘူး... နင်​ ငါ့ကို ရူး မတတ်​ နက်​နက်​ရှိုင်းရှိုင်း မိုက်​မိုက်​ကန်းကန်းချစ်​လွန်းလို့ လူတွေအားလုံးတောင်​ သိပေမယ့်​ ငါ့အချစ်​ ငါ့မြတ်​နိုးမှု ငါ့မေတ္တာကို နင်​ မရစေရဘူး... မရေမတွက်​နိုင်​သော တချို့ကိစ္စတွေမှာ ငါက နင့်​ကို အထင်​လွဲမိမယ်​... ငါ့ကြောင့်​ နင်​နာကျင်​ရမယ်​... ရှားရှားပါးပါး နင်​ ငိုခဲ့သမျှ မျက်​ရည်​တွေ အကုန်​ ငါ့အတွက်​ ကျရမယ်​... နောက်​ဆုံး နင်​ ငါ့အတွက်​နဲ့ သေသွားရလိမ့်​မယ်​... နင်​ သေပြီးနောက်​မှာတောင်​ မနားရဘူး... ဝိဉာဉ်​အဖြစ်​နဲ့ ငါ့ဘေးနားကို ပြန်​လာရမယ်​... နင်​ ဒီလို ဖြစ်​မှ အဲ့သလိုလုပ်​ပေးမှ ဒီဘဝမှာ ငါ နင့်​အတွက်​ လုပ်​ပေးခဲ့သမျှ စွန့်​လွှတ်​ခဲ့သမျှကို ပြန်​ပေးဆပ်​နိုင်​ရာရောက်​မယ်​..."

ကြွေလွင့်တန်သော ဤချစ်ခြင်းသည်Where stories live. Discover now