ဝိညာဉ်​လိပ်​ပြာ ပြန်​လာသည်​၊ သူမရဲ့ အိမ်​ဆီ (၁)

2.1K 209 0
                                    

Ze Mo ရဲ့ Bu Wu (Unrepentant)ကို ဘာသာပြန်​ဆိုထားခြင်းဖြစ်​ပြီး ဇာတ်​လမ်းအကြောင်းအရာ ဇာတ်​ကောင်​များအားလုံး Ze Mo သာ ပိုင်​ဆိုင်​ပါသည်။

ဝိညာဉ်​လိပ်​ပြာ ပြန်​လာသည်​၊ သူမရဲ့ အိမ်​ဆီ (၁)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  ကုဟုန်​ကျ န်း မျက်​လုံးဖွင့်​လိုက်​သည်​နှင့်​ ရင်းနီးနေသော်​လည်း ထူးဆန်းနေသည့်​ မြင်​ကွင်းတစ်​ခုနှင့်​ ပက်​ပင်းဆုံလေသည်​။

  အလင်းရောင်​ အလုံအလောက်​မရှိသော်​လည်း စာကြည့်​ဆောင်​မှာ ငြိမ်းချမ်းစွာသော မှုန်​ပြပြ အလင်းလျှံထွက်​နေသည်​။ ဟွမ်​ဟွလီစာကြည့်​စားပွဲပေါ်မှာတော့ သတင်းပို့စာလွှာ သဝန်​လွှာတို့နှင့်​ ပြည့်​နှက်​ရှုတ်​ပွနေလေ၏။ စားပွဲနှင့်​ ကုလားထိုင်​တို့၏ အပေါ်ဘက်​ နံရံစီမှာတော့ "ဝန်​တောက်​ထန်​"ဟူသော စာလုံးများရေးထွင်းထားသည့်​ ကားချပ်​ကို ချိတ်​ဆွဲထားလေသည်​။ ထိုစာလုံးသုံးလုံးကို အားမန်​ပါပါ အင်​အားပြည့်​ပြည့်​ သဘာဝကျစွာ ပြေပြစ်​ချောမွေ့စွာနှင့်​ ရေးထားသည်​။ တကယ်​တမ်း ဤစာလုံးတို့ကို လက်​ရှိဘုရင်​မင်းမြတ်​ လင်​စစ်​ကျယ်​ ကိုယ်​တော်​တိုင်​ ရေးထွင်းထားသည်​ဟု ထင်​ရသော်​လည်း ကိုယ်​တိုင်​ ကိုယ်​ကျ ဓားလက်​ဆွဲ၍ စုတ်​ချက်​ တစ်​ခုချင်းစီကို ရေးထိုးခဲ့သူက ကုဟုန်​ကျိန်း။

  ဤနန်းဆောင်​မှာ ဝန်​တောက်​ထန်​။ သာမန်​ရိုးကျဆန်​ပေသော်​လည်း ကျက်​သရေရှိသည့်​ ဤအဆောင်​မှာ လင်​စစ်​ကျယ်​၏ တော်​ဝင်​စာကြည့်​ဆောင်ပင်​ ဖြစ်​တော့သည်​။

  သို့ဆိုလျင်​ အဘယ်​ကြောင့်​ — သူမဆိုသည့်​ ကုဟုန်​ကျိန်း အဘယ့်​ကြောင့်​ ဤနေရာကို ရောက်​နေရသည်​လဲ။

  ကုဟုန်​ကျိန်း ချီနန်းတော်​တွင်း ရောက်​နေခြင်းဖြစ်​မည်​။ တကယ်​တမ်း မြို့တော်​နှင့်​ အလွန်​ဝေးကွာလှသော ဟူပြည်​နယ်​မှာ သူမနှင့်​ ကျီပြည်​နယ်​မှ နာမည်​ကျော်​စစ်​သူကြီး ပိုင်​လီ စမ်းတို့ စီးချင်းထိုးခဲ့ကြသည်​။ ထျန်းမင်​ နိုင်​ငံတော်​၏ အမတ်​အရာရှိများ စစ်​သည်​တော်​များ မိမိတို့ တာဝန်​အသီးသီးကို ဗျူ ဟာ အသီးသီး ခွဲဝေ၍ ဟူ ပြည်​နယ်​ကို သိမ်းပိုက်​နိုင်​ခဲ့သော်​လည်း ဟူပြည်​နယ်​မှာ နစ်​နာဆုံးရှုံးမှု များပြားခဲ့သည်​။ ပိုင်​လီ စမ်းနှင့်​ စီးချင်းထိုးရစဉ်​က ကုဟုန်​ကျိန်းမှာ သူ့ကို အနိုင်​ရဖို့ ဗျူ ဟာ သေနင်္ဂဟူ၍ ရှိမနေခဲ့ပေ။ ပိုင်​လီ စမ်း သူမကို စီးတော်​မြင်းပေါ်မှ ပြုတ်​ကျစေခဲ့သည်​။ ထို့နောက်​တော့ သူ နောက်​က ဆင်းလိုက်​လာကာ သူမ ရင်​ကို သူ့လှံဖြင့်​ ထိုးစိုက်​ခဲ့သည်​။ နောက်​တော့ သူမ အသိလက်​လွတ်​သွားခဲ့သည်​။

ကြွေလွင့်တန်သော ဤချစ်ခြင်းသည်Where stories live. Discover now