Arc(3.4)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ

4.4K 493 14
                                    

ဘာလိုလိုနှင့် သူမဤကမ္ဘာရောက်လာသည်မှာ
ရက်သတ္တပတ်ပင်ရှိပြီဖြစ်သည်။
ရစ်ချတ်ကတော့ သူမသတိရပြီးနောက်နေ့တွင်
ကုမ္ပဏီသို့သွားလေသည်။
ညနေခင်းတွင်တော့ သူမကိုအဖော်ပြုပေးသည်။

သူတို့မိဘတွေက လာမကြည့်ဘူးလားဆို
မကြည့်ပါဘူး သူတို့ကနိုင်ငံခြားမှာဖြစ်ပြီး
ရစ်ချတ်ကအကြောင်းမကြားထားပေဘူး။
ရစ်ချတ်ကုမ္ပဏီသွားစဥ်
အိမ်အကူအမျိုးသမီးကြီး အန်တီရို့စ်က
စောင့်ရှောက်ပေးသည်။ဒီနေ့ကတော့ သူမဆေးရုံဆင်းရမည်ဖြစ်ူည်။

[206ရေ ငါလေးပျင်းနေတယ်ဟေ့]

[Hostမပျင်းတဲ့အချိန်ရှိလို့လား]

[ရှိပါတယ်206လေးရယ်
အဟင်း အဟင်း.........]

[အရင်ကလေhostကိုဖြူဖြယစင်စင်လေးလို့ထင်တာ]

[အယ် ငါလေးကဖြူစင်ပါတယ်နော် ဟုတ်ပြီလား
ငါ့အမျိုးသားနဲ့ပဲမဖြူစင်တာ Ok]

[ပြောအားရှိတော့ပြောထားပေါ့ ဟွန့်]

သူမ206ရှိနေခြင်းကြောင့်
မပျင်းခြင်းပင်။
သူမအင်တာနက်လည်းမသုံးရသလို
တီဗွီလည်းမကြည့်ရပေ။
သူမအမျိုးသားကြီး ရစ်ချတ်က
ပေးမကြည့်ဘူးလေ နော်~~~

ရုတ်တရက်ဆေးရုံအခန်းတံခါးပွင့်လာကာ
အန်နာ၀င်လာသည်။
အန်နာက သူမဆေးရုံတက်နေစဥ်အတွင်း
ဒုတိယအကြိမ်လာခြင်းဖြစ်သည်။
ဒီတစ်ခေါက်က ပိုထူးဆန်းမလားပဲ~~

"ဟေး လူစီယာ
နင်နေကောင်းပြီပဲ အခုကဘယ်မှာနေမှာလဲ"

"အိမ်မှာပဲနေမှာပေါ့"

"အာ နင်ငါနဲ့လာမနေတော့ဘူးလား။
ငါတော့ပျင်းနေတော့မှာပဲ"

မူလလူစီယာသည် ရစ်ချတ်နှင့်ပထမအကြိမ်ပြီးနောက် အန်နာ၏တိုက်ခန်းတွင်လိုက်နေလေသည်။
ဒါကပင်သူတို့နှစ်ဦးကို ပိုမို၀ေးကွာစေပြီး
လူစီယာကိုယ်၀န်ဖျက်ချရန် ခနခနကြံစည်ခြင်းဖြစ်လာစေသည်။

အန်နာ......အန်နာ နင်ဟာလေတော်တော်ဥာဏ်များတာပဲရော်~~~

"အချိန်ရရင်လာလည်ပေါ့ဟာ
ငါ့ယောကျ်ားလာကြိုနေပြီပဲ"
သူမက တံခါးပေါက်မှ၀င်လာသော ရစ်ချတ်ကိုညွှန်ပြကာပြောသည်။

System~ငါလေးကကြာပန်းဖြူတွေမုန်းတယ်(Book-2)Where stories live. Discover now