I want you to know that I'm yours

5K 698 15
                                    

ရိ​ပေါ်သက်​ပြင်းချတယ်။ ဘား​ကောင်​တာ​ပေါ်မှာ ​မေး​ထောက်​ပြီး သူလုပ်​သမျှကြည့်​​နေတဲ့ အဲ့ဒီလူ​ကြောင့်​ ဆိုတာ အ​သေအချာ​ပေါ့။ ဟိုတစ်​​နေ့ညတည်းက ​တွေ့ပြီး ပြန်​​ပေါ်မလာခဲ့တဲ့ လူက အခု​တော့ သူ့မျက်​စိ​ရှေ့ အခန့်​သား။

သိပ်​မကြာ​သေးတဲ့စက္ကန့်​ပိုင်း​လောက်​က " ဘာလို့အဲ့​လောက်​ထိကြည့်​​နေရတာလဲ " ဆိုတဲ့ အ​မေးကို " လွမ်းလို့ " ဆိုတဲ့အ​ဖြေနဲ့ ​အဲ့ဒီလူ​ဖြေသွားပြီးတဲ့​နောက်​ ရိ​ပေါ်ဘာမှဆက်​မ​ပြောဖြစ်​​တော့ဘူး။

" ရိ​ပေါ် ... "

အဲ့ဒါက အဓိကအ​ကြောင်းရင်းဖြစ်​တယ်​။ဟိုတစ်​​နေ့ညက သူ့ရဲ့ rolax ကြီးတမင်​ထားခဲ့ရတဲ့အ​ကြောင်းအရင်းဟာ " ၀မ်​ရိ​ပေါ် " ဆိုတဲ့သူ့နာမည်​သိချင်​ရုံပါတဲ့။

ဘုရားသခင်​က ​ချော​မောပြည့်​စုံခြင်း​တွေ အဲ့ဒီလူကို​ပေးထား​ပေမယ့်​ ​​ကြောင်​​တောင်​​တောင်​လုပ်​တတ်​တာကို​တော့ ပြစ်​ချက်​အ​နေနဲ့ ထည့်​​ပေးခဲ့တဲ့ပုံ။

အခုလဲ မျက်​စိ​ရှေ့တည့်​တည့်​ထိုင်​ပြီး သူ့ရဲ့နာမည်​ကို ​ခေါ်​နေတာ တစ်​ခါနှစ်​ခါမက​တော့။ လူချမ်းသာ​တွေရဲ့စိတ်​က သာမန်​မဟုတ်​ဘူးဆိုတဲ့ ရိ​ပေါ်ရဲ့ထင်​မြင်​ချက်​ကို အဲ့ဒီလူက သက်​​သေနဲ့တကွ ​ဖော်​ပြ​နေ​တော့တာပဲ။

" ခင်​ဗျား မူး​နေတာလား "

မေးပြီး သူချ​ပေးထားခဲ့တဲ့ ​ကော့​တေးခွက်​ကို လှမ်းကြည့်​​တော့ နည်းနည်း​လေး​တောင်​မ​လျော့ဘဲ သူပြင်​​ပေးထားတဲ့အတိုင်း။

" ​ရှောင်​ကျန့် ..ခင်​ဗျားမဟုတ်​ဘူး "

ရိ​ပေါ်က ​ခေါင်းတငြိမ့်​ငြိမ့်​နဲ့ နား​ထောင်​ပြီးပြုံးတယ်​။ စက္ကန့်​ပိုင်း​လောက်​ပဲကြာတဲ့ အပြုံး​တွေ​နောက်​ ရိ​ပေါ်က သူ့ရဲ့ခန္ဓာကိုယ်​ကို အ​ရှေ့ကိုင်းပြီး အဲ့ဒီလူနဲ့နီး​စေလိုက်​တယ်​။

ဒီ​နေ့ရဲ့ဘား​ကောင်​တာမှာ ခရမ်း​ရောင်​မီး​​ရောင်​လင်းတယ်​။ အဲ့ဒီမီး​ရောင်​​အောက်​မှာ မျက်​၀န်းနှစ်​ခုက အားပြိုင်​လို့။

COCKTAIL ON YOUR LIPS [ COMPLETED ]Where stories live. Discover now