Or tell me lie

4K 642 18
                                    

အလုပ်​ချိန်​ပြီးသွားတဲ့ ရိ​ပေါ်က Bartender ၀တ်​စုံအစား အပြင်​အင်္ကျီ​ကို ၀တ်​ထားတယ်​။ လက်​တန်း​ဘောင်​​ပေါ်တင်​ထားတဲ့ သူ့လက်​ထဲ မီးညှိပြီးသား စီးကရက်​လိပ်​ရှိ​နေတယ်​။

အရာအားလုံးကိုအ​ပေါ်စီးက ကြည့်​ရတဲ့ခံစားချက်​က သိပ်​​ကောင်းတယ်​။ဟုတ်​တယ်​ ရိ​ပေါ်အခု ဘားရှိရာအ​ဆောက်​အအုံရဲ့ အ​ပေါ်ဆုံးလသာ​ဆောင်​အထပ်​မှာ ​ရောက်​​နေတယ်​။

ညတစ်​နာရီ​ကျော်​​နေ​ပေမယ့်​ သူမြင်​​နေရတဲ့ မြို့ပြညမြင်​ကွင်းက လှ​နေဆဲ။ နှုတ်​ခမ်းပါး​တွေကြားက မှုတ်​ထုတ်​ပစ်​လိုက်​တဲ့ စီးကရက်​​ငွေ့​တွေကို မျက်​စိတစ်​ဆုံး ရိ​ပေါ်လိုက်​ကြည့်​တယ်​။

ထပ်​ခါထပ်​ခါမှုတ်​ထုတ်​ပစ်​ခဲ့တဲ့ စီးကရက်​​ငွေ့​တွေက ​ဘောင်​မဲ့​ပေမယ့်​ ရိ​ပေါ်ရဲ့စိတ်​​တွေက လွန်​ခဲ့တဲ့ နာရီပိုင်း​တွေ​ဆီမှာ ထပ်​ခါထပ်​ခါပိတ်​မိ​နေတယ်​။
..

" ခင်​ဗျားရဲ့​စေ့စပ်​ပွဲအတွက်​ ဂုဏ်​ယူပါတယ်​ "

ခါတိုင်းဆို အပြုံး​တွေ​ဖောသီ​နေတဲ့ ​ရှောင်​ကျန့်​က ရိ​ပေါ်ရဲ့ ဂုဏ်​ပြုစကားအတွက်​ နည်းနည်း​လေး​တောင်​ ပြုံးမ​နေဘူး။
ရိ​ပေါ်က​တော့ ​​ရှောင်​ကျန့်​ရဲ့ အဲ့ဒီပုံစံကို သ​ဘောမကျတာအမှန်​။

" ​သ​ဘောကျလား ကိုယ့်​ကို "

မေးခွန်းသတ်​တယ်ဆိုတာမျိုး​လေ။ဖြေဖို့ကို ရိ​ပေါ်မှာ အချိန်​ယူလိုက်​ရ​သေးတယ်​။ တကယ်​ပဲ ​ရှောင်​ကျန့်က ဘာဖြစ်​ချင်​​နေတာလဲ...။

" အင်း ဒါမယ့်​...အဲ့ဒီညတစ်​ညတည်းပဲ "

မျှော်​လင့်​ချက်​​တွေသတ်​ရတာ အရသာရှိပါတယ်​။ ​ထိုးနက်​ပစ်​လိုက်​တာက ​ရှောင်​ကျန့် ရဲ့​မျှော်​လင့်​ချက်​တစ်​ပိုင်းတစ်​စဆို​ပေမယ့်​ တကယ်​တမ်း​ အထိနာတာက​တော့ ရိ​ပေါ်ကိုယ်​တိုင်​ပဲ။

" ခင်​ဗျားက​ရော .. "

" အင်း သ​ဘောကျတယ်​ ဘယ်​အတိုင်းအထိလဲမသိ​ပေမယ့်​ အမြဲမင်းနားမှာပဲ ရှိချင်​တာ ရိ​ပေါ် "

မိနစ်ပိုင်း​တောင်​မကြာတဲ့ တုံ့ပြန်​မှုတစ်​ခုသာသာပါဘဲ။
စကား​တွေကလဲ နာ​အောင်​လုပ်​တတ်​​ကြောင်း အဲ့ဒီလူက လက်​​တွေ့ပြတယ်​။ ၀န်​ခံရရင်​​တော့ ​ရှောင်​ကျန့်ဆီက မုသားတစ်​ခုကို ရိ​ပေါ်​မျှော်​လင့်​​နေခဲ့တာ။

COCKTAIL ON YOUR LIPS [ COMPLETED ]Where stories live. Discover now