10

1.2K 128 2
                                    


Baekhyun သည် အိတ်ကပ်ထဲရှိ ငွေလေးကိုဓာတ်တိုင်နဲ့ ကွယ်ကာ မသိမသာ ရေတွက်လိုက်
သည်။ပြီးတော့ မှန်ချပ်‌တွေကာထားသည့်ဆိုင်ထဲ
ကိုမသိမသာ ချောင်းကြည့်သည်။

၀င်ရမလား မ၀င်ရဘူးလား ဒွိဟ ဖြစ်နေရသည့်
စိတ်ထက်ပိုကာ မ၀င်ရဲသည့်စိတ်ဖြစ်နေသည်။

Baekhyun တစ်သက်နဲ့တစ်ကိုယ် ဒီလို ကြီးမား
သည့်ဆိုင်ထဲမှာ ဈေး၀ယ်ဖူးခဲ့သည်မဟုတ်...အခု
တော့ အချိန်ပိုင်းအလုပ်မှ ရသည့်ငွေလေးကိုအနည်းငယ် ယူကာ အင်္ကျီကောင်းကောင်းတစ်
ထည်၀ယ်ယူရန် ဆုံးဖြတ်ချက်ချထားသည်။

အကြောင်းရင်းမှာ Chanyeol နဲ့ Dateရင် ၀တ်ဖို့
ပင်...

မထူးပါဘူး...ရောက်လာပြီးမှတော့ ၀င်၀ယ်ဖြစ်
အောင် လုပ်ရမယ်....

"အာညော် ! ဘာများအလိုရှိပါသလဲ ရှင်....!"

ဆိုင်ထဲ ၀င်၀င်ချင်း ဦးညွှတ်ကာ နှုတ်ဆက်လာ
သည့် ၀န်ထမ်းတစ်ချို့ကြောင့် Baekhyun လဲ
အနေရခက်သွားကာ ဦးညွှတ်ပြီး အလေးပြန်ပြူ
လိုက်ရသည်။

"ဟို..ဟိုဟာ လျှောက်ပတ်ကြည့်လို့ရလား??"

Baekhyun မှာ ကိုယ်နဲ့သင့်တော်မယ်ထင်တာ
လေးတွေကို လျှောက်ပတ်ကြည့်လိုက်သည်။အဓိ
က က ငွေရေးကြေးရေးသင့်တော်တာလေးဆို ပို
မှန်မည်။

"ရပါတယ်ရှင့်..! ယောင်္ကျားလေး၀တ်တွေက ဒီ
ဘက်မှာပါ !!"

"ဒုက္ခပဲ ! ဘာလို့အဲ့လောက်ဈေးများနေရတာလဲ
အဲ့လိုမှန်းသိရင် ၀ယ်နေကျ ရပ်ကွက်ဈေးထဲပဲ တိုး၀ယ်ပါတယ် !! ဘယ်လိုလုပ်ရမလဲ ?"

ခေါင်းကုတ်ဖင်ကုတ်နှင့် Hoodies အတန်းဘက်ပဲ ရောက်သွားပြန်သည်။

"၀တ်နေကျပဲ ကောင်းပါတယ် ! အင် ဒါလေးက
မဆိုးဘူးပဲ !!"

Baekhyun ဆွဲထုတ်လာသည့် အဝါနုရောင်
Hoodies ပွပွလေးသည် ပါလာသည့် ပိုက်ဆံနှင့်
လောက်ငှနေသည်။ ၀မ်းသာ အားရ နှင့် အနီးအနားက ၀န်ထမ်းမလေးဆီ ထိုးထည့်ပေး
လိုက်သည် ။

"အစ်မ ဒါယူမယ် !!"

"မောင်လေးက ရွေးတတ်သားပဲ !မောင်လေး နဲ့
လိုက်မှာပါ ချစ်စရာလဲကောင်းတော့လေ !"

Byun Bird (Complete) Where stories live. Discover now