1

2.2K 190 35
                                    

"Gigi....ထစမ်းအိပ်နေလိုက်တာတမေ့တမော။တစ်ညလုံးဂိမ်းဆော့မနက်ကျမထနိုင်ဟုတ်နေတာပဲ။ထလို့....ထ"

Yoongiအားလှုပ်နိုးနေပေမယ့်သူကတော့လူသေကောင်လိုတုတ်တုတ်ပင်မလှုပ်။Jinလည်းအိပ်နေတဲ့Yoongiပါးဖောင်းဖောင်းလေးအားငုံ့နမ်းလိုက်သည်။အဲ့တော့မှလှုပ်လာတဲ့အကောင်ငယ်။

"နိုးပြီလားGigi..."

"အင်းhyung...ခဏလေးHyung"

အဲ့လိုပြောပြီးလူပေါ်ကပ်တွယ်နေတာတောက်တဲ့လိုပဲ။ဘယ်လိုပဲခွာချခွာချအောက်မဆင်းတော့။ကိုယ်လဲသူ့ကိုယ်လုံးကိုချီပြီးရေချိုးခန်းထဲလိုက်ပို့ပေးရသေးတယ်။
ဟူး....ငါ့လိုအချောကြီးဘဝကလည်းမလွယ်ပါလား။

"Gigiရေအောက်ဆင်းလာခဲ့နော်....စားဖို့ပြင်ပေးထားမယ်။"

"ဟုတ်.....Hyung"

Jinလည်းအောက်ထပ်သို့ဆင်းသွားပြီးသူစားဖို့ပြင်ပေးရပြန်တယ်။လာပါပြီကိုယ်တော်ချောဖုန်းကိုလက်ကမချ။ဆော့နေလိုက်တာ။

"Gigiထမင်းစားတုန်းတော့ဖုန်းချထားကွာမင်းမျက်လုံးကန်းတော့မှာ။"

"ကန်းလဲHyungရှိတာပဲ။Hyungပဲရှာကျွေးပေါ့"

"ငါမိန်းမယူသွားရင်ဘယ်လိုလုပ်မလဲ။"

"အားးးးမယူရဘူး။ကျနော်နဲ့ပဲနေရမှာ"

"အေးပါ။အဲ့တာဆိုစား။"

အဲ့တော့မှဖုန်းကိုချပြီးစားတယ်။
Jinသိတာပေါ့ဒီလိုမပြောမချင်းစားမှာမဟုတ်မှန်း။ဘယ်လိုကလေးမှန်းမသိ။

"Gigi...အိမ်မှာကောင်းကောင်းနေHyungပြန်လာရင်မုန့်ဝယ်ခဲ့မယ်။"

"အင်း"

"Gigi...အာဘွားပေးဦးလေ။Hyungကအလုပ်သွားတော့မှာလေ။"

"အင်းးးးမွမွ"

Jinလည်းyoongiကိုကြည့်ရင်းသက်ပြင်းချမိသည်။နမ်းတော့နမ်းပါရဲ့ဖုန်းဆီကအကြည့်တော့မခွာ။တော်တော်မနိုင်စိန်လေး။Jinလည်းကားမြန်မြန်မောင်းသွားသည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

"Tae....အိမ်လာခဲ့ငါတို့ဂိမ်းဆော့မယ်။"

"အေးအေး။ဒါပဲနော်။"

Yoongiလည်းTaehyungအားအိမ်ခေါ်ပြီးgameဆော့ပြီးပြင်နေသည်။အိမ်ထဲမှာလဲသူ့လက်ချက်ကြောင့်အမှိုက်ပုံကြီးသဖွယ်။

528မှ1500သို့(complete)Where stories live. Discover now