8

1.2K 132 1
                                    

"Hyungရယ်....သတိရပါတော့။"

သတိရရချင်းမိမိလက်ကိုဆုပ်ကိုင်ရင်းငိုသံလေးတို့ကြောင့်အဖြစ်အပျက်တို့ကခေါင်းထဲအစီအရီ

"Gigi....."

"အားတော်သေးတာပေါ့"

Yoongi လည်းလက်အစုံတို့နှင်Jinကိုဖတ်လိုက်မိတော့Jinပြန်ဖက်ဖို့တွေးပေမယ့်လက်တို့ကလေထဲမှာပဲရပ်ခံရသည်။Yoongiကတော့အခြေအနေကိုသဘောမပေါက်ပဲjinရဲ့ပါးကိုနမ်းရင်း

"လွမ်းနေရတာ။တစ်ပတ်လုံးပြန်တွေ့တော့လည်းဆေးရုံကိုရောက်လာရတယ်။"

Jinကတော့Yoongiနဲ့အဝေးကိုမျက်နှာလွှဲထားရင်းဘာမှပြန်မပြော။Yoongiလည်းအခြေအနေကိုသတိထားမိတာကြောင့်

"Hyung.....စိတ်ဆိုးနေတုန်းလား။ကျနော်တို့ကညီအကိုတွေလေ"

"ရပါတယ်။Hyungအဆင်ပြေတယ်။Hyungကိုမဖက်နဲ့တော့။"

Jinပြောရင်းyoongiလက်တို့အားတွန်းဖယ်ရင်းပြောတော့Yoongiမကျေမနပ်ကြည့်ရင်း

"Hyungကဘာသဘောလဲ။မနေ့ညကပဲကျနော့်ကိုကယ်ခဲ့တယ်။ဒီနေ့ကျဝေးဝေးကိုတွန်းထုတ်နေတယ်။Hyungကရောဘာလို့ကယ်တာလဲ။ဘာဖြစ်ဖြစ်ထားခဲ့ပါလား။"

Jinလည်းYoongiစကားတို့ကြောင့်မျက်ရည်ကျနေပေမယ့်Yoongiကိုမျက်နှာလွှဲကာ

"Gigiပြန်တော့နော်။Hyungအဆင်ပြေတယ်။"

Jinချော့ပြောနေပေမယ့်Yoongiကတော့ခေါင်းမာစွာ

"ဘာလို့လဲ။Hyungဘာလို့ညီအကိုဆိုတဲ့စည်းကိုကျော်လဲ။ကျနော်တို့ခုလိုစိမ်းစိမ်းကားကားဖြစ်သွားတာHyungကိုယ်တိုင်ကြောင့်ဘဲ။မနေ့ကတည်းကပစ်ထားခဲ့ရင်ဒီနေ့လိုHyungကိုအော်မိမှာမဟုတ်ဘူး။"

Yoongiပြောရင်းမျက်ရည်ကျလာတာကြောင့်Jinလည်းငေးနေမိရာကYoongiကထပ်ပြီး

"အားလုံးJinဆိုတဲ့ခင်ဗျားကြောင့်ပဲ"

Yoongiအော်ပြောတဲ့အပြင်Hyungလို့ခေါ်ရာကJinဟုပြောင်းခေါ်တာကြောင့်Jinလည်းစိတ်ထိခိုက်သွားပြီး

"ဟုတ်တယ်။မင်းကိုသိပ်ချစ်နေမိလို့။မင်းကိုငါ့ညီမှန်းသိရက်နဲ့ချစ်နေမိလို့။မနေ့ကငါ့ရင်ထဲဘယ်လောက်ပူလောင်နေတယ်ထင်လဲ။ဟမ်....Gigi။ငါနှလုံးသားတစ်ခုလုံးရှင်ရက်နဲ့​
သေသွားသလိုပဲ။မင်းအနားမှာငါကလွဲပြီးအခြားသူရှိနေတာမကြိုက်ဘူး။သိပြီလား။မျက်မျက်ရည်ကျရင်ငါ့နှလုံးသားကိုမီးစနဲ့ထိုးနေသလိုပဲ။ဟုတ်တယ်။Hyung....Hyungတောင်းပန်ပါတယ်။အားလုံးHyungမှားတာပါ။ခုလိုတွေဖြစ်ကုန်တာHyungကြောင့်ပါ။Hyung.....မကောင်းတာ။Hyung GiGiကိုသိပ်ချစ်လို့ပါ။"

528မှ1500သို့(complete)Where stories live. Discover now