''1''

18.6K 1.3K 26
                                    

" ကိုယ်တို့လမ်းခွဲရအောင် ''

" ရီပေါ်!! ''

" ကိုယ်စိတ်မပါတော့ဘူး ။ အဆုံးသတ်လိုက်ကြတာပေါ့ ။ ကိုယ်အစကတည်းက မင်းကိုခံစားချက်မရှိတာမင်းလည်းသိထားတယ်မလား ။ ပြီးတော့ မင်းကလည်း ကိုယ့်ကိုငွေကြောင့်ကပ်ခဲ့တာလေ ''

ကောင်မလေးဘယ်လောက်ပဲငိုကြွေးနေပါစေ ​ကောင်လေးကမသိချင်ယောင်ဆောင်ပြီးလျစ်လျူရှုကာ ဖုန်းကြည့်ရင်းထွက်သွားတယ် ။ ငိုပြီးကျန်နေခဲ့တဲ့ကောင်မလေးကို ပတ်ဝန်းကျင်ကလူတွေက ဝိုင်းကာသနားနေကြတာကိုမြင်တော့ အပြုံးလို့ဆိုလို့မရတဲ့အပြုံးမျိုးပြုံးလိုက်တယ် ။ အဟက်!! စိတ်ပျက်စရာတွေ ။

" သခင်လေး ပြန်ရောက်လာပြီလား ''

" အိမ်တော်ထိန်းဝမ် ကျွန်တော်အနားယူတော့မှာမလို့ဘာအသံမှမကြားချင်ဘူး ။ အကုန်လုံးကိုအသိပေးထားလိုက် ''

" ဟုတ်ကဲ့ သခင်လေး ''

သူ့နာမည်ကဝမ်ရီပေါ်။ တရုတ်နိုင်ငံကဒိတ်ဒိတ်ကျဲချမ်းသာတဲ့ ဝမ်မိသားစုရဲ့တစ်ဦးတည်းသောသားလေး ။ ဒါ​ပေမဲ့သူ့မိဘတွေကတော့ သူ့အရွယ်​ရောက်လာတဲ့အချိန်အထိ သူရဲ့အနားမှာအတူနေမပေးနိုင်ခဲ့ဘူး ။ မိခင်ဖြစ်သူက သူ့ကို​မွေးပြီးတာနဲ့ သူမအလုပ်နဲ့သူမ မအားလပ်နိုင်ဖြစ်နေတယ် ။ ဖခင်ကျတော့လည်း အမြဲနိုင်ငံခြားကိုပဲခရီးထွက်နေရတဲ့အတွက် သူရဲ့ကလေးဘဝက သိပ်ကိုပျင်းဖို့ကောင်းလွန်းတယ် ။

အချစ်? တကယ်ရောရှိလို့်လား ။ ဝမ်ရီ​ပေါ် သူ့ဘဝတစ်​လျှောက်လုံးအချစ်ဆိုတာကို တစ်ခါမှတောင်မခံစားခဲ့မိဘူး ။ သူ့အပေါ်စိတ်ရင်းနဲ့ချစ်ပေးမဲ့လူတွေလည်းမရှိသလို သူကလည်း ယောင်လို့တောင်မှ ချစ်ပေးဖို့မကြိုးစားခဲ့ဖူးဘူး ။ မကြိုးစားခဲ့ဖူးဆိုတာထက် သူကိုယ်တိုင်ကကိုမလိုလားခဲ့တာဆိုရင်ပိုမှန်မယ် ။

ယွမ်မင်အာက သူ့ကို သူဌေးသားမှန်းသိလို့ချည်းကပ်လာတာကို သူသိတာပေါ့ ။ ဒါ​ပေမဲ့သူမက သူအရင်ကတွဲခဲ့တဲ့လူတွေနဲ့ယှဉ်ရင် တော်တော်အဆင်ပြေတယ်ဆိုရမယ် ။ ဒါကြောင့်လည်းသူက သူမကိုတခြားသူတွေနဲ့မတူပဲ အချိန်အတော်ကြာတွဲခဲ့တာပေါ့ ။ အခုတော့ပျင်းလာလို့ဖြတ်လိုက်တာ ။ ပီကေလိုပဲပေါ့ အချိုကုန်ရင်ဘယ်သူမှဆက်မဝါးချင်ကြတော့ဘူးလေ ။

Destiny  [ Completed ] Where stories live. Discover now