Final

13.4K 1.3K 41
                                    

ကလပ်ထဲကလူတွေကလည်း ရှောင်ကျန့်က သူ့လူဆိုတာသိသွားတာနဲ့တစ်ပြိုင်နက် မပစ်မှားရဲကြတော့ပေ ။ ဝမ်ရီပေါ်က သွားထိလို့မရတဲ့လူဆိုတာကို ကောင်းကောင်းကြီးသိထားတဲ့သူတို့အတွက် အသက်အပိုပါနေရင်တောင်မှ ဝမ်ရီပေါ်ရဲ့လူကိုပစ်မှားရဲမှာမဟုတ်ဘူး ။ နောက်ခံတွေ၊မိသားစုအသိုင်းအဝိုင်းတွေကိုထည့်မတွက်ရင်တောင် ဝမ်ရီပေါ်ကအတော်ကြောက်ဖို့ကောင်းနေပြီးသား။

ဝမ်ရီပေါ်ရဲ့သူငယ်ချင်းတွေက ဝမ်ရီပေါ်ရဲ့လုပ်ရပ်ကိုကြည့်ပြီး သဘောကျစွာရယ်မောနေကြတယ် ။ သူတို့ရဲ့သူငယ်ချင်းကြီးက ဒီဖြူဖြူအုအုကောင်လေးကို တော်တော်ဖြစ်နေတာပဲ ။ ကောင်လေးကလည်းဖြစ်ချစ်စရာလေးပဲလေ ။ ဒီကောင်လေးက သူတို့သူငယ်ချင်းရဲ့ကောင်လေးသာမဟုတ်ရင် သူတို့လည်းကြိုးစားမိမှာပဲ ။

" ရီပေါ် ငါလည်းအဲ့တာသောက်ချင်တယ် ''

" မရဘူး!! ဒါက မင်းသောက်လို့မရဘူး ''

"..........''

" အဲ့တာက မင်းနဲ့မတည့်ဘူး ။ သောက်ရင်သေလိမ့်မယ် ''

" တ တကယ်ကြီးလား? "

" အင်း ''

ရီပေါ် သူ့လက်ထဲက အရက်ကိုသောက်ချင်တယ်ဆိုလာတဲ့ရှောင်ကျန့်ကြောင့် မဟုတ်တာတွေပြောကာလိမ်လိုက်တယ် ။ အဟုတ်ထင်ပြီးငြိမ်ကျသွားတဲ့ရှောင်ကျန့်ကိုကြည့်ပြီး မမြင်အောင်ခိုးရယ်ဖို့လည်းမမေ့ ။ ရီပေါ်သူငယ်ချင်းတွေကတော့ တဟားဟားနဲ့အော်ရယ်လို့ ။ ရှောင်ကျန့်ကသာ အူကြောင်ကြောင်လေးဖြစ်နေတယ် ။ ဒီလူတွေက အရမ်းထူးဆန်းတာပဲ ။

" ရှောင်ကျန့် ကိုယ့်ရဲ့ရှောင်ကျန့်လေး မင်းလေးက ကိုယ်အပိုင်နော် ။ ကိုယ့်ကိုဘယ်တော့မှထားသွားလို့မရဘူး ။ ''

ရီပေါ် ရှောင်ကျန့်ရဲ့သေးသွယ်တဲ့ကိုယ်လုံးလေးကိုခါးကနေပွေ့ယူကာ သူ့ပေါင်ပေါ်ထိုင်စေလိုက် တယ် ။ ရှောင်ကျန့်ရဲ့ပေါင်တွေကိုလက်နဲ့ပွတ်သပ်ပြီးအသားယူဖို့လည်းမမေ့ ။ ရှောင်ကျန့် သူ့တစ်ကိုယ်လုံးကို မနေ့ကအတိုင်းပွတ်သပ်နေတဲ့ရီပေါ်ကြောင့် အသံမထွက်မိအောင်လို့နှုတ်ခမ်းတွေကိုဖိကိုက်ထားမိတယ် ။ သူ့တင်ပါးကိုလာထောက်နေတဲ့ သူအောက်ကအရာကြီးကြောင့် ရှောင်ကျန့်နေရခက်လာတဲ့အတွက်ထဖို့ကြိုးစားနေပေမဲ့လည်း ရီပေါ်က သူ့ခါးတွေကိုတင်းကြပ်စွာဖက်ထားတယ်။

Destiny  [ Completed ] Where stories live. Discover now