part - 6 ( z + u )
896 81 23
[Zawgyi]
အချိန်များအနည်းငယ်ကုန်သွားတော့ ဟေးရှင်းလုံကို စီးနင်းလာသည့် ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် တို့သည် အစိမ်းရောင်တောင်တန်းကို ရောက်ရှိလို့လာသည်။
တောင်တန်း၏နေရာတစ်ခုလုံးမှာ မှော်စွမ်းအားများသိပ်သည်းစွာဖြင့် စွမ်းအားအမြောက်အများသည် မြင်သာစွာ သိပ်သည်းပြီးသက်ဝင်လျက်ရှိသည်။
ခရီးတစ်လျှေက်လုံး ငေးလာတဲ့ ရှောင်ကျန့်သည် သူ၏စိတ်ဝိညဏ်စွမ်းအားနဲ့ မတူထူးခြားတဲ့ စွမ်းအားများကို ခံစားမိတော့ သူ့ရှေ့က အစိမ်းရောင်တောင်တန်းကို ကြည့်လိုက်သည်။များပြားလှတဲ့ စွမ်းအင်များသည် ထိုတောင်တန်းတွင်ရှိနေပြီး သန့်စင်လှကာ သိပ်သည်းလှသည်။
အစိမ်းရောင်တောင်တန်း၏ အမြင့်သည်
( ပေပေါင်း ၅၀၀၀၀) ကျော်ရှိပြီး အမြင့်ဆုံးတောင်ထိပ်မှာ ကောင်းကင်ယံမှာ ရွေ့လျားနေတဲ့ မိုးတိမ်ထိတောင် မြင့်မားသည်။ တောင်တန်း၏အရှည်သည် (မိုင်ပေါင်း၂၀၀၀ ) ကျော် ရှည်လျားပြီး အကျယ်မှာ (မိုင်းပေါင်း ၇၀၀ ) ကျော်လောက်ကျယ်သည်။ဧရာမ ကျယ်ပြောတဲ့ ကြည်ပြာရောင် အေးစိမ့်ရေပင်လယ်သည် တောင်တန်း၏ အရှေ့တစ်ဖက်မှာ တည်ရှိသည်။ အစိမ်းရောင် မြူငွေ့များသည် တောင်တန်းကို အုံ့ဆိုင်းပြီး ငွေဖြူရောင်တောင်ခိုးတွေနဲ့ ညီမျှစွာ ရောထွေးပြီး တောင်တန်းကို ရစ်သိုင်းကာ ဝန်းရံလျက်ရှိသည်။
အစိမ်းရောင် တောင်တန်းတွင် အသက်စွမ်းအင်နဲ့ပြည့်စုံနေတဲ့ အဖိုးတန်အပင်ပေါင်းများစွာ ပေါက်ရောက်ရှင်သန်လျက်ရှိပြီး မျိုးစုံများပြားတဲ့ အဆင့်မြင့် မှော်သားရဲများသည်လည်း နေရာအနှံ့မှာ နေထိုင် ကျက်စားနေသည်။
ရှောင်ကျန့်သည် အစိမ်းရောင်တောင်တန်း၏သန့်စင်သိပ်သည်းလှသည့် မှော်စွမ်းအား တွေကို တွေ့ရတော့ သူ၏ စွမ်းအားနဲ့ သန့်စင်ဖို့ စမ်းသပ်လိုက်ချင်သည်။ သူက သူ့ကိုချီထားတဲ့ ဝမ်ရိပေါ်ကို လွတ်ခိုင်းပြီး ဝမ်ရိပေါ် နဲ့အတူ ဟေးရှင်းလုံ ပေါ်မှာ ရပ်လိုက်သည်။ သူက တည်ငြိမ်စွာရပ်ပြီး အာရုံစုစည်းကာ မှော်စွမ်းအားစုဆောင်းပြီး ကျင့်ကြံကာ သူ၏စွမ်းအင်ဖြစ်အောင် သန့်စင်လိုက်သည်။ သူ၏ စမ်းသပ် လုပ်ဆောင်ချက်သည် အောင်မြင်သွားပြီး မှော်စွမ်းအား ကို သူ၏ စိတ်ဝိညဏ်စွမ်းအားနဲ့ သန့်စင်နိုင်သည်။ သူသည် မှော်စွမ်းအား တွေကို ဆက်လက်ကျင့်ကြံသန့်စင်ပြီးတော့ သူ၏ စိတ်ဝိညဏ်စွမ်းအားကို မြင့်တင်သည်။ အချိန်အနည်းငယ်လောက်မှ သူကျင့်ကြံတာကို ရပ်လိုက်ပြီး သူ့ကို ကြည့်တဲ့ ဝမ်ရိပေါ် ကို ပြုံးပြလိုက်သည်။