Two

1.5K 163 18
                                    

Zawgyi Below*

Unicode

ဆူညံနေသောအသံတို့ကြောင့် သူအိပ်ရာမှနိုးလာခဲ့သည် သေချာနားထောင်ကြည့်လိုက်တော့မိုးရွာနေသောအသံ... အဖြူရောင်တွေချည်းခြယ်သထားသောအခန်း၏အလယ်ရှိမီးခိုးဖျော့ရောင်အိပ်ရာကြီးပေါ်မှအသာဆင်းကာ မှန်ပြတင်းများဆီသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်... ညကသောက်ထားတာများသွား၍ခေါင်းတွေမှာချားရဟပ်စီးထားသလို ချာလပတ်ရမ်းလျက်...

အဖြုရောင်ဖဲလိုက်ကာတို့အား အသာအယာဆွဲဖွင့်လိုက်တော့ မှန်ကိုလာရိုက်ခတ်နေတဲ့မိုးစက်လေးတွေ... မှန်ကနေတဆင့်အပြင်ဘက်ကိုငေးကာ လက်ဖဝါးနှစ်ဖက်အားအာငွေ့ပေးပြီးပွတ်လိုက်သည်... မိုးတွင်းပေမယ့်အအေးဓါတ်ကဆောင်းတွင်းကဲ့သို့ရှိသည် သို့ပေမယ့်သူဟာမိုးရာသီကိုနှစ်သက်သည်...

မိုးစက်တို့ကိုပြုံးပြီးကြည့်နေစဉ်မြင်ကွင်းထဲကိုဝင်လာတဲ့အဖြူရောင်အရိပ်ကလေးကြောင့် မျက်နှာထက်ကအပြုံးလှလှမှာချက်ချင်းပျောက်ကွယ်သွားသည်... ထီးကလေးတစ်ချောင်းကိုစောင်းကာ အိမ်ဘက်သို့လာနေတဲ့အဖြူရောင်ကောင်လေး... မိုးစက်တို့ရဲ့အရှိန်ဟာပြင်းတာကြောင့်လုံအောင်စောင်းပါရက်နဲ့ အင်္ကျီတစ်ခြမ်းလုံးစိုနေသည်... ထိုကောင်လေးအားတစ်ချက်သာကြည့်၍ အိပ်ရာဘေးရှိစားပွဲဘက်သို့အကြည့်လွှဲလိုက်သည်... စားပွဲပေါ်မှနာရီလက်တံလေးကတော့ ၇ ဂဏန်းသို့ညွှန်ပြလျက်...

>>>>>>>>>>>>>>

"ကျွီ... ဂျိန်း!..."

တံခါးလေးကိုအသာဖွင့်ကာအိမ်ထဲဝင်လာခဲ့စဥ် တိုက်ခတ်လာတဲ့လေကြောင့် ဂျိန်းခနဲပိတ်သွားတဲ့တံခါးနှင့်အတူတုန်လှုပ်သွားသော ကောင်လေး... သူဒီနေ့အိပ်ယာထနောက်ကျတာကြောင့် ခပ်သွပ်သွပ်ပင် မီးဖိုခန်းသို့ ခြေကိုလှမ်းရတော့သည်... သူ့ကိုအမြဲတမ်းမနက်၆နာရီထခိုင်း‌ေသာ်လည်း အိပ်ကောင်းကောင်းနဲ့အိပ်လိုက်တာ အခု၇နာရီတောင်ထိုးနေပြီ...ထို့နောက်ကြားလိုက်ရတဲ့အသံတစ်ခုကြောင့် ဒုတိယမ္ပိတုန်လှုပ်သွားရသည့်အဖြစ်...

"ဘယ်အချိန်ရှိပြီလဲ ဂင်ထယ်ယောင်း?"

လှည့်ကြည့်လိုက်တော့လှေကားပေါ်ကနေ သူ့ကိုမမှိန်မသုန် စိုက်ကြည့်နေတဲ့သူ... ရှုပ်ပွနေတဲ့ဆံသားညိုညိုတို့ကြောင့် အခုမှထလာမှန်းသိသာလွန်းသည်... ထို့နောက်စူးရှတဲ့အကြည့်တွေနဲ့အတူအနီးအနားသို့တဖြည်းဖြည်းလေးရောက်လာတဲ့သူ‌ေလး... ထိုသူ၏အလှမှာဘယ်ပန်းချီမှရေးလို့မမှီနိုင်အောင်ပင်...

🥀The last wish🥀(Complete ✅)Where stories live. Discover now